Skip to main content

May 29, 2021

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေအားအသင့်အတင့်ရှိနေပြီး၊ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် မုတ်သုံလေ အားနည်းနေကာ၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

ဆက်လက်ဖတ်ရှုရန်

May 29, 2021

အုပ်ချုပ်ရေးယန္တရားသည် ရှေးအခါကတည်းက စနစ်တကျ ထူထောင်အုပ်ချုပ်ခဲ့သော အဖွဲ့အစည်း ဖြစ်သည်။ အုပ်ချုပ်ရေးတွင် ရပ်ရွာအုပ်ချုပ်ရေးသည် အခြေခံအကျဆုံး အုပ်ချုပ်ရေးယန္တရားဖြစ်သည်။ ရှေးက ရွာသူကြီးသည် အရေးပါသောခေါင်းဆောင် ဖြစ်သည်။ အခွန်အကောက်မှ အစပြု၍ ရပ်ရွာအေးချမ်းသာယာရေး၊ ဖွံ့ဖြိုးရေး၊ ရပ်ရွာသာမှု၊ နာမှုများပါမကျန် ပါဝင်ဦးဆောင်ရသော ရပ်ရွာအဖသဖွယ်ဖြစ်၍ ရပ်သူရွာသားများက ရိုသေလေးစား အားကိုးကြသည်။

ဆက်လက်ဖတ်ရှုရန်

May 29, 2021

မြန်မာနိုင်ငံသည် ကျွန်နိုင်ငံဘဝမှ လွတ်မြောက်ခဲ့ပြီးသည့်နောက် ငြိမ်းချမ်းသည့်နေ့ရက် တစ်ရက်မှ မရှိသေးဟုဆိုလျှင် လွန်အံ့မထင်။ အယူဝါဒမျိုးစုံ စွဲကိုင်ထားကြကာ ဦးတည်ရည်မှန်းချက် အဖုံဖုံ၊ ကိုယ့်ယုံကြည်ချက်နှင့်ကိုယ်၊ ကိုယ့်လမ်းကြောင်းနှင့်ကိုယ်၊ ကိုယ့်အကျိုးစီးပွားနှင့်ကိုယ်၊ လက်နက်ကိုယ်စီဖြင့် နိုင်ငံရေးကို အခြားနည်းဖြင့် အဖြေရှာခဲ့ကြသူများကြောင့် ငြိမ်းချမ်းသည့် နေ့ရက်များ ပျောက်ဆုံးခဲ့ရခြင်းဖြစ်သည်။ လွတ်လပ်ရေးရပြီးစ ကာလ တစ်နိုင်ငံလုံး အနှံ့တွင် ဖြစ်ပွားခဲ့သည့် ရောင်စုံပုန်ကန် ထကြွမှုများက မြေပြန့်ဒေသများ၌ ချုပ်ငြိမ်းသွားပြီးချိန်တွင် တောင်ပေါ်နယ်စပ်ဒေသများတွင် ဆက်လက်ဖြစ်ပေါ်နေခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

May 28, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီအတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ညနေပိုင်းတွင် နေပြည်တော်၊ မင်္ဂလာ ကန်တော်ပတ်လမ်း တိုးချဲ့ တည်ဆောက်မည့် အခြေအနေနှင့် ရာဇဌာနီလမ်း ကုက္ကိုတန်းရှေ့ အလှမြက်ခင်းစိုက်မည့် မြေနေရာပြုပြင်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ် ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

May 28, 2021

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးအောင်နိုင်ဦးသည် မကွေးတိုင်းဒေသကြီး၊ စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အဖွဲ့ဝင်များကို ယနေ့နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

May 28, 2021

စာရင်းအင်းအချက်အလက်မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေး ဗဟိုကော်မတီ (၁/၂၀၂၁) အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ စာရင်းအင်းအချက်အလက် မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေး ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

May 28, 2021

(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ၌ စခန်းသွင်း လေ့ကျင့်လျက်ရှိသော မြားပစ်အားကစားနည်း ပြိုင်ပွဲအကြို လက်ရည် ဆန်းစစ်ပြိုင်ပွဲ နောက်ဆုံး ဗိုလ်လုပွဲစဉ်များနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲ (၃)နာရီတွင် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 28, 2021

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေအားကောင်းနေပြီး၊ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် မုတ်သုံလေ အားနည်းနေကာ၊ ကျန်ဘင်္ဂလား ပင်လယ်အော်တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

ဆက်လက်ဖတ်ရှုရန်

May 28, 2021

အာဆီယံအဖွဲ့ဝင်နိုင်ငံများက အိမ်ရှင်အဖြစ် အလှည့်ကျလက်ခံကျင်းပလျက်ရှိသည့် (၁၆) ကြိမ်မြောက် ASEAN Working Group on CITES and Wildlife Enforcement အစည်းအဝေးနှင့် “အာဆီယံနိုင်ငံများအကြား တောရိုင်းတိရစ္ဆာန်များ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ လမ်းညွှန်စာအုပ် (ASEAN Handbook) ပြုစုခြင်း ဒုတိယအကြိမ် အစည်းအဝေး (2nd ASEAN Technical Meeting on Development of ASEAN Handbook on Legal Cooperation to Combat Illegal Wildlife Trade)" များကို မေ ၂၆၊ ၂၇ ရက်တို့တွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 28, 2021

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် မေ ၂၆ ရက် နံနက် ၈ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်ရှိ အလုပ်သမားဆေးရုံကြီး (ရန်ကုန်) သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

May 28, 2021

တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုဘဝမြှင့်တင်နိုင်ရန် အခြေခံလိုအပ် ချက်သည် ပညာရေးကဏ္ဍမြင့်မားရေးဖြစ်ပြီး အနာဂတ်နိုင်ငံတော်ကို တည်ဆောက်ရာတွင် အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံသည့် မျိုးဆက်သစ်လူငယ် များပေါ်ထွန်းလာစေရေး ကမ္ဘာ့နိုင်ငံတိုင်းက ပညာရေးကို အလေးပေး ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်အနေဖြင့် Covid-19 ကမ္ဘာ့ကပ်ရောဂါကြောင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အား ကျောင်းများပိတ်၍ ရပ်နားခဲ့ရသဖြင့် နိုင်ငံတော်၊ ကျောင်းသားမိဘနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် ပညာသင်နှစ် တစ်နှစ်တာ နစ်နာဆုံးရှုံးခဲ့ရပြီး များစွာနစ်နာမှုများဖြစ်ပေါ်ခဲ့ရသည်။

ဆက်လက်ဖတ်ရှုရန်

May 28, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်အတွင်း တည်ငြိမ် အေးချမ်းရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး မိဘပြည်သူများ၏ ခရီးသွားလာမှုများနှင့် ကုန်စည်စီးဆင်းမှုများ လွယ်ကူချောမွေ့စေရန် လမ်းပန်းဆက်သွယ်ရေးတွင် အဓိကကျသည့် မီးရထားခရီးစဉ်များကို နေ့စဉ်တိုးချဲ့ပြေးဆွဲပေးလျက်ရှိကာ ခရီးသွား ပြည်သူလူထုအနေဖြင့်လည်း စိတ်ချမ်းမြေ့စွာသွားလာလျက်ရှိသည်။ ထို့အပြင် တစ်နိုင်ငံလုံး လိုလားတောင့်တလျက်ရှိသော ထာဝရငြိမ်းချမ်းရေးကို အကောင်အထည်ဖော်နိုင်ရန် လျှောက်လှမ်းလျက်ရှိသည့် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA ပါ အချက်များကို ဆက်လက် ထိန်းသိမ်း၍ အလေးထားလိုက်နာဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 28, 2021

(၂၂) ကြိမ်မြောက် အာဆီယံပြန်ကြားရေးဆပ်ကော်မတီအစည်းအဝေး (22nd ASEAN Sub-Committee Meeting on Information, 22nd scI Meeting) ကို ယနေ့နံနက်ပိုင်းတွင် ထိုင်းနိုင်ငံမှ အိမ်ရှင်အဖြစ် Video Conferencing စနစ်ဖြင့်ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံ နှင့်ရုပ်မြင်သံကြားမှ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ဆွေးနွေးကြသည်။

ဆက်လက်ဖတ်ရှုရန်