Skip to main content

Oct 29, 2020

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုသည် တိုင်းဒေသကြီးအလုပ်သမားရေးရာဝန်ကြီး ဦးမြင့်ဆွေ လိုက်ပါ၍ ယနေ့ နံနက် ၉ နာရီခွဲအချိန်ခန့်က ပွင့်ဖြူမြို့၊ သက်တော်ရှည်ရပ်ကွက်သို့ လာရောက်ပြီး ၂၀၂၀ ပြည့်နှစ် ၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲ လာရောက်ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Oct 29, 2020

မြိတ်မြို့ ကျောက်ဖျာမြို့သစ်စီမံကိန်းဧရိယာအတွင်းရှိ အုပ်ချုပ်မှုဇုန်မြေဧရိယာတွင် ပါဝင်သော တောင်သူ (၅)ဦးအား တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဒုတိယအကြိမ် မြေလျော်ကြေးနှင့် သီးနှံနစ်နာကြေးများကို ယနေ့ နံနက်(၁၀)နာရီက ပုလဲရတနာခန်းမတွင် မြေတစ်ဧက ကျပ်သိန်း(၉၀)ဖြင့်  မြေ(၁၈.၅) ဧကအတွက် တစ်ထောင့်ခြောက်ရာခြောက်ဆယ်ငါးသိန်းကျပ် ပေးအပ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Oct 29, 2020

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မြိတ်မြို့နယ် စေတနာ့ဝန်ထမ်း Volunteer များအတွက် ထောက်ပံ့ ငွေကျပ်သိန်း(၂၀)ကို ယနေ့ နံနက်(၉)နာရီခွဲအချိန်ခန့်တွင်က မြိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧည့်ရိပ်သာ အစည်းအဝေးခန်းမတွင် ဂုဏ်ပြုပေးအပ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Oct 29, 2020

၁၉၅၂ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် ဗဟိုစာရင်းစစ်တမ်းကောက်ယူရေး အာဏာပိုင်အက်ဥပဒေ (The Central Statistical Authority Act, 1952) သည် ခေတ်အခါနှင့် လျော်ညီခြင်းမရှိတော့သည့်အပြင် ဗဟိုစာရင်းအင်း အဖွဲ့ (Central Statistical Organization) အား ပေါင်းစပ်ညှိနှိုင်းရေးဆိုင်ရာ လုပ်ပိုင်ခွင့်အာဏာကို ဥပဒေအရ အပ်နှင်းပေးထားခြင်းမရှိပါ။ ထို့အတွက် မြန်မာနိုင်ငံ အမျိုးသား စာရင်းအင်း စနစ်အတွက် တရားဝင်စာရင်းအင်းများကို ကောက်ယူခြင်း၊ စုစည်းခြင်း၊ တွက်ချက်ခြင်း၊ သုံးသပ်ထုတ်ပြန်ခြင်းနှင့် ဖြန့်ဝေခြင်းဆိုင်ရာ လုပ်ငန်းစဉ်များကို ဆောင်ရွက်ရာတွင် ထိန်းမတ်နိုင် စေရန်နှင့် စာရင်းအင်းအေဂျင်စီ များအကြား ပေါင်းစပ်ညှိနှိုင်းပေးနိုင်စေရန်အတွက် ခေတ်နှင့် လျော်ညီသော စာရင်းအင်းဥပဒေသစ်ကို စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဗဟိုစာရင်းအင်း အဖွဲ့က ပြုစုတင်သွင်းခဲ့ရာ ၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် လွှတ်တော်မှ အတည်ပြုပေးခဲ့ပြီး ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့တွင် စာရင်းအင်းဥပဒေ (၂၀၁၈ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁။ ) ကို နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုး အတည်ပြုပြဋ္ဌာန်းပေးခဲ့ပါသည်။ ထို့အပြင် အဆိုပါ ထုတ်ပြန်ထားသည့် စာရင်းအင်း ဥပဒေကို ထိရောက်စွာ အကောင်အထည် ဖော်ဆောင်နိုင်စေရေး အတွက် ၎င်းစာရင်းအင်းဥပဒေ၏ နည်းဥပဒေများပြဋ္ဌာန်းနိုင်ရေး ကိုလည်း ဆက်လက်ဆောင်ရွက် လျက် ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 29, 2020

မြန်မာ-ဒိန်းမတ် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သည့် ရေရှည်တည်တံ့သော ကမ်းရိုးတန်းရေလုပ်ငန်း ဦးဆောင်ကော်မတီ၏ (၈) ကြိမ်မြောက် အစည်းအဝေးကို အောက်တိုဘာ ၂၆ ရက်မွန်းလွဲပိုင်းက အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 29, 2020

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံး - စငေါ ၃၃ ကေဗွီဓာတ်အားလိုင်း ၁၃.၅ မိုင်နှင့် ၃၃/၁၁ ကေဗွီ ၅ အမ်ဗွီအေ စငေါဓာတ်အားခွဲရုံဖွင့်ပွဲကို ယမန်နေ့နံနက်(၉)နာရီက အဆိုပါ ကျေးရွာ၌ ကျင်းပခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Oct 29, 2020

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံးမှ Surgical Masks များ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက ရန်ကုန်မြို့ ဒဂုံမြို့နယ် ဇီဝကလမ်း အမှတ်(၅)ရှိ ဆေးသုတေသနဦးစီးဌာန(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 29, 2020

သစ်ပုပ်ပင်ဟုဆိုလိုက်သည်နှင့် ကျွန်တော်တို့သည် မြကျွန်းညိုညို၊ တက္ကသိုလ်ကို ပြေး၍ သတိရမိ ကြမည်ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 29, 2020

နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသို့ တင်သွင်းလာသည့် တင်သွင်းလွှာ အမှတ် ၁/၂၀၂၀ ကို e-Court စနစ်ဖြင့် ကြားနာဆုံးဖြတ်ရာတွင် ပါဝင်ဆောင်ရွက်ခဲ့သော e-Government ဌာနနှင့် တရားရေး ဌာနတို့မှ ဝန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲက နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 29, 2020

အသားထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးရေးနှင့် အမျိုးသားအဆင့် အာဟာရဆိုင်ရာလုပ်ငန်း စီမံချက်ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၌ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 29, 2020

(၂၆) ကြိမ်မြောက် အာဆီယံ အလုပ်သမားဝန်ကြီးများ အစည်းအဝေးနှင့် (၁၁) ကြိမ်မြောက် အာဆီယံ+၃ အလုပ်သမားဝန်ကြီးများ အစည်းအဝေးကို ယနေ့နံနက် ၈ နာရီခွဲတွင် အင်ဒိုနီးရှားနိုင်ငံ လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာန၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 29, 2020

နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ဖိလစ်ပိုင်နိုင်ငံတွင် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား ၁၁၂ ဦးအား မနီလာမြို့ရှိ မြန်မာသံရုံးမှ စီစဉ်သည့် မြန်မာအမျိုးသား လေကြောင်း (MNA) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ညနေ ၅ နာရီတွင် လည်းကောင်း၊ ထိုင်းနိုင်ငံတွင် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား ၁၁ ဦးအား ဗန်ကောက်မြို့ရှိ မြန်မာသံရုံးမှ စီစဉ်သည့် မြန်မာအမျိုးသားလေကြောင်း (MNA) ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည် ခေါ်ဆောင်ခဲ့ရာ ယနေ့ ည ၈ နာရီတွင် လည်းကောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည်ရောက်ရှိကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 29, 2020

ယနေ့ ၂၁ ရာစုမှာ စစ်ရေးအစွမ်းကိုအသုံးပြု၍ နိုင်ငံတစ်နိုင်ငံကို သိမ်းပိုက်သောအင်အားကို ဟတ်ဒ်ပါဝါ (Hard Power) ဟုခေါ်ဆိုပြီး စစ်ရေးအရမဟုတ်ဘဲ နိုင်ငံ၏ စာပေ၊ ဂီတ၊ ရုပ်ရှင်၊ ယဉ်ကျေးမှုအင်အား တွေနဲ့ နိုင်ငံတစ်နိုင်ငံအပေါ်လွှမ်းမိုးထားနိုင်သောစွမ်းအားကို ဆော့ဖ်ပါဝါ (Soft Power) ဟု ခေါ်ဆို ခဲ့ကြပါတယ်။ နိုင်ငံတစ်နိုင်ငံတွင် ဟတ်ဒ်ပါဝါအင်အားကောင်းဖို့ အရေးကြီးသလို နိုင်ငံရဲ့ ဆော့ဖ်ပါဝါ ကလည်း အဆင့်အတန်းမြင့်မားပြီး လွှမ်းမိုးထားနိုင်စွမ်းရှိဖို့ အရေးကြီးလှပါတယ်။

ဆက်လက်ဖတ်ရှုရန်

Oct 29, 2020

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ အောက်တိုဘာ ၂၈ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ် - ၁၉ အကြောင်း သိကောင်းစရာ အမေး / အဖြေ အစီအစဉ်၏ ကိုဗစ် - ၁၉ ရောဂါ ရင်ဆိုင် ကျော်လွှားခဲ့ရပုံများအကြောင်း ဆွေးနွေးခန်းကို ပြည်သူများသိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက် ပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 29, 2020

ရဟန်းပြုကြသောအခါ သာသနာတော်မှ ဆုံးရှုံးသောအပြစ်ဟူ၍ သတ်မှတ်တားမြစ်ထားသည့် ကံ၊ ပါရာဇိက ကံထိုက်သည့်အထဲတွင် ခိုးယူခြင်းပါ၏။ ခိုးယူခြင်းကို ဘာသာတရားအသီးသီးက ဆန့်ကျင် ၏။ အလွယ်ဆုံးဆိုရလျှင် ပိုင်ရှင်ဖြစ်သူက ကိုယ်အားဖြင့်သော် လည်းကောင်း၊ နှုတ်အားဖြင့်သော် လည်းကောင်း မပေးအပ်သော သူ့ဥစ္စာကို ယူခြင်းကို ခိုးသည်ဟုဆို၏။ သူတစ်ပါး၏ ဥစ္စာဟုဆိုရာ တွင် တန်ဖိုးကြီးသည်ဖြစ်စေ၊ တန်ဖိုးနည်းသည်ဖြစ်စေနှင့် မဆိုင်၊ မြက်၊ ဝါးခြမ်းစိတ်လေးကအစ မယူရဘူးဟု ဆိုပါ၏။

ဆက်လက်ဖတ်ရှုရန်

Oct 29, 2020

မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ်၏ သီတင်းကျွတ်ရာသီ ရောက်လာပြီဖြစ်သည်။ အောက်တိုဘာလ ၂၉ ရက်နေ့မှ နိုဝင်ဘာလ ၂ ရက်နေ့အထိ သီတင်းကျွတ်ကာလ အများပြည်သူ အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ထားသည်။ အများပြည်သူတို့အဖို့ သီတင်းကျွတ်ပိတ်ရက် ငါးရက်အတွင်း မြတ်စွာ ဘုရားရှင်အား ရည်မှန်း၍လည်းကောင်း၊ မိသားစုများ စိတ်နှလုံး အေးချမ်းကြည်နူး ရွှင်ပျော်စေရန် အတွက်လည်းကောင်း မိမိတို့နေအိမ်၌ သီတင်းကျွတ် မီးထွန်းသဘင်ကို ဆင်ယင်ကျင်းပနိုင်ပြီဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 28, 2020

(၂၇-၁၀-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၈-၁၀-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၁၄,၂၀၆) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြု လူနာသစ်(၁,၄၀၆)ဦး တွေ့ရှိရပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 28, 2020

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ ထံသို့ အလှူငွေပေးအပ်ပွဲကို ယနေ့မွန်းလွဲပိုင်းက ကျင်းပရာ ဗဟိုကော်မတီ အတွင်းရေးမှူး (၂)၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး Virtual စနစ်ဖြင့် လက်ခံသည်။

ဆက်လက်ဖတ်ရှုရန်

Oct 28, 2020

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁၄/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးကို ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ယနေ့မွန်းလွဲပိုင်းတွင် ကျင်းပသည်။ အစည်းအဝေးသို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးသောင်းထွန်း၊ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်နှင့် အဖွဲ့ဝင်များ တက်ရောက် ကြသည်။

ဆက်လက်ဖတ်ရှုရန်