May 08, 2025
ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအသီးသီးတို့တွင် လက်နက်ကိုင်ပဋိပက္ခများ၊ သဘာဝဘေးအန္တရာယ်များနှင့် အခြားတစ်စုံတစ်ရာ အန္တရာယ်ကျရောက်မှုတို့ကြောင့် ဘေးဒုက္ခများ ကြုံတွေ့နေရသူများ၊ အခက်အခဲများနှင့် ရင်ဆိုင်နေရသူများကို ကယ်ဆယ်ကူညီစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေသည့် ကြက်ခြေနီအဖွဲ့အစည်း ပေါ်ပေါက်ခဲ့သည်မှာ နှစ်ပေါင်း ၁၆၀ ကျော်ခဲ့ပြီဖြစ်သည်။ ကမ္ဘာပေါ်တွင် ကြက်ခြေနီအဖွဲ့အစည်းကြီး ပေါ်ပေါက်လာစေရန် စွမ်းဆောင်ကြိုးပမ်းခဲ့သူမှာ ဆွစ်ဇာလန်နိုင်ငံသား ဟင်နရီဒူးနန့်ဖြစ်ပြီး ၎င်းကို ဂုဏ်ပြုသည့်အနေဖြင့် ၎င်း၏ မွေးနေ့ဖြစ်သော မေလ ၈ ရက်နေ့ကို ကမ္ဘာ့ကြက်ခြေနီနေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
May 07, 2025
ကျောင်းသား၊ ကျောင်းသူ မျိုးဆက်သစ်လူငယ်မောင်မယ်များကို နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အသိပညာများဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ရက်များ အကျိုးရှိစေရန်၊ မိမိဝါသနာပါသည့် ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန် နှင့်နိုင်ငံတော်အတွက် ရေကြောင်းပညာ၊ လေကြောင်းပညာကျွမ်းကျင်သော အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ တပ်မတော် (ရေ) က ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများ၊ တပ်မတော် (လေ) က အခြေခံလေကြောင်းလူငယ်သင်တန်းနှင့် တန်းမြင့်လေကြောင်း လူငယ်သင်တန်းဖွင့်ပွဲများကို ဧပြီ ၂၂ ရက်တွင် သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ သင်တန်းစခန်းများ၌ တစ်ပြိုင်တည်း စတင်ဖွင့်လှစ်ခဲ့ပြီး လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။
May 07, 2025
မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် လမ်းတံတား၊ အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ရသည့် နေရာများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်ပနိုင်ငံများမှ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုကူညီရေးအသင်း/ အဖွဲ့များနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
May 07, 2025
ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ် စစ်ပွဲကြီးအောင်ပွဲ နှစ် (၈၀) ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် အထူးလေယာဉ်ဖြင့် နေပြည်တော်တပ်မတော်လေဆိပ်မှ ထွက်ခွာသည်။
May 07, 2025
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေလ ၅ ရက်နေ့ နံနက် ၇ နာရီခွဲအချိန် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ပါဆတ်ရပ်ကွက်တွင် လီလောက်စေးမောင်းနှင်ပြီး လောက်စန်လိုက်ပါလာသည့် TOYOTA REVO ယာဉ်ကို သတင်းအရ ရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၅ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ၁၉၈ ကီလို ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
May 07, 2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ သင်ပေါင်းကျင်းကျေးရွာကို PDF အမည်ခံအကြမ်းဖက်သမားများက မေ ၆ ရက် နံနက်ပိုင်းတွင် Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ပြည်သူများ သေဆုံး၊ ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။
May 07, 2025
ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ် စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့် အထိမ်းအမှတ်စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် အထူးလေယာဉ်ဖြင့် နေပြည်တော်တပ်မတော်လေဆိပ်မှ ထွက်ခွာသည်။
May 07, 2025
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါး၊ ငါးပိ၊ အမဲသား၊ ဆိတ်သား၊ ကြက်သား၊ ဝက်သား၊ ကြက်ဥ၊ ဘဲဥစသည့် ကုန်မျိုးစုံများနှင့် ဟင်းသီးဟင်းရွက်များကိုနေပြည်တော်၊ စစ်ကိုင်းနှင့် မန္တလေးမြို့များအတွင်း ငလျင်ဒဏ်သင့် ဝန်ထမ်းအိမ်ရာများသို့ ၂၀၂၅ ခုနှစ် မတ် ၃၀ ရက်မှစ၍ အိမ်တိုင်ရာရောက်သွားရောက်ကာ သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိပြီး မေ ၆ ရက်တွင် ၃၇ ရက် မြောက်အဖြစ် ဈေးကားကိုးစီးဖြင့် လှည့်လည်ရောင်းချပေး လျက်ရှိကြောင်း သိရသည်။
May 07, 2025
ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း (သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၀-၄-၂၀၂၅)
May 07, 2025
မန္တလေးငလျင်ဘေးသင့် ဝန်ထမ်းများအတွက် လိုအပ်သည့်ထောက်ပံ့မှုများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရန်ကုန်ခါနန်တရုတ်နှစ်ခြင်းအသင်းတော်က ငွေကျပ် သိန်း ၅၀၊ ဆန်နှစ်ပြည်အိတ် ၅၀ နှင့် မြန်မာနိုင်ငံခရစ်ယာန်ဂိုဏ်းပေါင်းစုံ ငြိမ်းချမ်းရေးအထောက် အကူပြုဗဟိုကော်မတီက ငွေကျပ် ၁၀ သိန်းတို့ကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန DMC ရုံး၌ ပေးအပ်လှူဒါန်းသည်။
May 07, 2025
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် မူပိုင်ခွင့်နှင့်မှတ်ပုံတင်ဌာနခွဲ (ရန်ကုန်)၊ ပင်မရုံးအဆောက်အအုံ အရှေ့ဘက်ခြမ်း အမိုး Slab အား (၅) နှစ်ခံ ရေတားဆေးသုတ်ခြင်း (၁၇၆၀ စတုရန်းပေ)၊ သွပ်လဲလှယ်ခြင်းနှင့် ဒိုင်းပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်ရန်အတွက် ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ သဘောတူညီချက်အရ Father Country Co.,Ltd က ငွေကျပ် ၂၆,၅၀၀,၀၀၀/- ဖြင့် တင်ဒါအောင်မြင်ကြောင်း ကြေညာအပ်ပါသည်။
May 07, 2025
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့က မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ခဲ့ရသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ နေပြည်တော်ရှိ ဝန်ထမ်းများ ယာယီနေထိုင်ရန် ယာယီအဆောက်အအုံများ တည်ဆောက်နေမှုကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
May 07, 2025
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ယနေ့နံနက် ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီးရှိ နည်းပညာတက္ကသိုလ်(စစ်ကိုင်း)နှင့် မန္တလေးတိုင်းဒေသကြီးရှိ မြန်မာသတင်း အချက်အလက်နည်းပညာတက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်(မန္တလေး)သို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။
May 07, 2025
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယမန်နေ့မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့နယ် ကေတုမတီမြို့သစ်ရှိ မြန်မာ့သစ်လုပ်ငန်း၊ အမှတ် (၈၉) သစ်စက်သို့ သွားရောက်၍ သစ်စက်အတွင်း သစ်ခွဲသားများခွဲစိတ် ဆောင်ရွက်နေမှုအခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး သစ်မျိုးအလိုက်၊ သစ်ခွဲသားအရွယ်အစားအလိုက် ခွဲစိတ်ဆောင်ရွက်ခြင်းကို စနစ်တကျဆောင်ရွက်သွားရန်၊ သစ်အလေအလွင့်အနည်းဆုံးနှင့် ခွဲသားထွက်ရာခိုင်နှုန်း အများဆုံးဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားရန်မှာကြားသည်။
May 07, 2025
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေရှိ အခြေခံပညာကျောင်းများသို့သွားရောက်၍ လာမည့်ပညာသင်နှစ် ဇွန်လကျောင်းဖွင့်ချိန်အမီ ပြင်ဆင်ဆောင်ရွက်ထားမှုများနှင့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာဖြင့် ဘာသာရပ်ဆိုင်ရာ အနီးကပ်သင်ယူနေမှုများကို ကြည့်ရှုအားပေး၍ လိုအပ်သည်များကို မှာကြားသည်။
May 07, 2025
မန္တလေးငလျင်ကြီးကြောင့် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ပင်မစေတီတော်၊ ရင်ပြင်တော်၊ ပစ္စယာနှင့် ပရိဝုဏ်ထိခိုက်ပျက်စီးခဲ့မှုများ ပြုပြင်မွမ်းမံရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဥပ္ပါတသန္တိစေတီတော်ပြုပြင်မွမ်းမံရေး နည်းပညာအထောက်အကူပြုဆပ်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့ရုံး၌ ကျင်းပသည်။
May 07, 2025
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ(၂)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်ကျော်ကျော်၊ ဦးမျိုးမြင့်နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းမှတစ်ဆင့် မီးရထားအတွဲ ၅၄ တွဲဖြင့် သယ်ဆောင်လာသည့် Modular (prefabricated) office ၁၀၈ လုံး ရွာတော်ဘူတာသို့ ရောက်ရှိလာမှုကိုသွားရောက် ကြည့်ရှုစစ်ဆေးသည်။
May 07, 2025
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူး (UNRC/HC a.i.) ဖြစ်သူ Mr. Marcoluigi Corsi နှင့် ရန်ကုန်မြို့ရှိ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ၏ အကြီးအကဲဖြစ်သူ Mr. Sajjad Mohammad Sajid တို့ကို ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
May 07, 2025
မြန်မာနိုင်ငံတွင် အကြမ်းဖက်သောင်းကျန်းသူများသည် လွတ်လပ်ရေးနှင့်အတူပေါ်ပေါက်လာခဲ့ပြီး ယနေ့ထက်တိုင် အမြစ်မပြတ်နိုင်သေးဘဲ အကြမ်းဖက် အဖျက်လုပ်ရပ်များကို လုပ်ကိုင်လျက်ရှိသည်။ အကြမ်းဖက်သောင်းကျန်းသူများသည် ဒေသတွင်း လမ်းပန်းဆက်သွယ်ရေး၊ ကုန်စည်စီးဆင်းမှု ရပ်တန့်စေရေးနှင့် နိုင်ငံတစ်ဝန်းရှိ ပြည်သူများ စိတ်ချမ်းသာစွာ ခရီးသွားလာနေမှုများကိုမလိုလားဘဲ လမ်းများ၊ တံတားများအား မိုင်းထောင်ဖောက်ခွဲခြင်းနှင့် အကြမ်းဖက်လုပ်ရပ် အမျိုးမျိုးတို့ကို ပုံစံအမျိုးမျိုးဖြင့် လုပ်ကိုင်လျက်ရှိသည်။
May 07, 2025
အာဆီယံနိုင်ငံတစ်နိုင်ငံဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံတွင် နှစ်စဉ်ကင်ဆာရောဂါကြောင့် သေဆုံးသူ ၁၄၀၀၀ ခန့်ရှိပြီး ရောဂါဖြစ်ပွားသူ အသစ် ၂၀၀၀၀ ခန့်ရှိကြောင်း နိုင်ငံတကာသတင်းတစ်ပုဒ်အရ သိရှိရသည်။ ယင်းနိုင်ငံတွင် အသည်းကင်ဆာသည် အဖြစ်အများဆုံးကင်ဆာ အမျိုးအစားဖြစ်ပြီး နေ့စဉ်ကင်ဆာကြောင့် လူ ၃၈ ဦးခန့် သေဆုံးမှုရှိသည်ဟုလည်း ဆိုသည်။