နေပြည်တော် ဒီဇင်ဘာ ၂၈
နေပြည်တော်၌ ၂၀၂၁ ခုနှစ်၊ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် မီးရှူးမီးပန်းများကို နေရာနှစ်နေရာခွဲ၍ ဂုဏ်ပြုပစ်ဖောက်သွားမည်ဖြစ်ကြောင်းသိရသည်။
လွတ်လပ်ရေးနေ့မတိုင်မီ ဇန်နဝါရီ (၃) ရက်တွင် နိုင်ငံတော်သမ္မတအိမ်တော် အဝင်လမ်း၏ ညာဘက်ခြမ်း၌ ည ၇ နာရီတွင် လည်းကောင်း၊ ရေပန်းဥယျာဉ် ဂိတ်အမှတ်(၁)၊ အဝင်လမ်း၌ ည ၇ နာရီ ၅ မိနစ်တွင် လည်းကောင်း မီးရှူးမီးပန်းများ စမ်းသပ်ပစ်ဖောက်သွားမည် ဖြစ်သည်။
လွတ်လပ်ရေးနေ့ဖြစ်သည့် ဇန်နဝါရီ (၄) ရက်တွင် နိုင်ငံတော်သမ္မတအိမ်တော် အဝင်လမ်း၏ ညာဘက်ခြမ်း၌ ည ၇ နာရီတွင်လည်းကောင်း၊ ရေပန်းဥယျာဉ် ဂိတ်အမှတ်(၁)၊ အဝင်လမ်း၌ ည ၇နာရီ ၅ မိနစ်တွင် လည်းကောင်း မီးရှူးမီးပန်းများ ဂုဏ်ပြုပစ်ဖောက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်