Skip to main content

မြောက်ဥက္ကလာပ အထွေထွေရောဂါကုနှင့် သင်ကြားရေးဆေးရုံကြီးသို့ Rights For Life ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသရေး ပစ္စည်းများ ပေးအပ်လှူဒါန်း

ရန်ကုန် ဒီဇင်ဘာ ၂၇

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်တွင် လူ့အခွင့်အရေး အခြေခံသင်တန်းနှင့် အဆင့်မြင့်သင်တန်း တက်ရောက်ခဲ့ကြ သည့် သင်တန်းသူ သင်တန်းသားများဖြင့် ဖွဲ့စည်းတည်ထောင်ထားသည့် Rights For Life က ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပ အထွေထွေရောဂါကုနှင့် သင်ကြားရေးဆေးရုံကြီးတွင် အသုံးပြုရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသရေး ပစ္စည်း များကို ယနေ့ မွန်းလွဲပိုင်းက မြောက်ဥက္ကလာပ အထွထွေရောဂါ ကုနှင့် သင်ကြားရေးဆေးရုံးကြီးသို့ သွားရောက် လှူဒါန်း သည်။

ထိုသို့ လှူဒါန်းရာတွင် Rights For Life မှ တာဝန်ရှိသူများက မြောက်ဥက္ကလာပ အထွေထွေ ရောဂါကုနှင့် သင်ကြားရေးဆေးရုံကြီး ဆေးရုံအုပ် ဒေါက်တာဝင်းသန္တာဖြူထံ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသရေးပစ္စည်းများ ပေးအပ်လှူဒါန်းပြီး ဒေါက်တာ ဝင်းသန္တာဖြူ က ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

သတင်းစဉ်