Skip to main content

ဒစ်ဂျစ်တယ် စီးပွားရေးအကြောင်း သိကောင်းစရာ အမေး၊ အဖြေ အစီအစဉ် ဆက်လက်ထုတ်လွှင့်မည်

နေပြည်တော်   ဒီဇင်ဘာ   ၂၃

ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားမှု  ကာလအတွင်း  စီးပွားရေးလုပ်ငန်းများ ပြန်လည် လုပ်ကိုင် လည်ပတ်နိုင်ရန် ရည်ရွယ်ချက်ဖြင့်  ပြည်သူကို   အသိပညာမျှဝေပေး မည့်   “ဒစ်ဂျစ်တယ်စီးပွားရေးအကြောင်း   သိကောင်းစရာ   အမေး/အဖြေအစီအစဉ်  ကို နိုဝင်ဘာ ၂၅ ရက်မှစ၍ အပတ်စဉ် ဗုဒ္ဓဟူးနှင့် ကြာသပတေးနေ့ များတွင် ညနေ ၆ နာရီခွဲမှ ည ၇ နာရီအထိ  မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ   ထုတ်လွှင့်ပြသလျက်ရှိသည်။

ဒီဇင်ဘာ ၂၄ ရက် (ကြာသပတေးနေ့) ညနေပိုင်းတွင် ဒစ်ဂျစ်တယ် စီးပွားရေး တည်ထောင်နိုင်ရန်  လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု၏ အရေးပါပုံများ၊  ပညာရေးနှင့် သင်ကြားရေးတွင် ပြောင်းလဲလာမှုများနှင့်ပတ်သက်ပြီး ဗဟုသုတ မျှဝေပေးမည့်  ဒစ်ဂျစ်တယ်စီးပွားရေးအကြောင်း  သိကောင်းစရာအစီအစဉ်ကို ဒစ်ဂျစ်တယ်စီးပွားရေး   ဖွံ့ဖြိုးတိုးတက်မှုကော်မတီဝင်၊  Kinetic   Myanmar Technology Co.,Ltd၏  (တည်ထောင်သူနှင့်  အုပ်ချုပ်မှုဒါရိုက်တာ)   ဦးမြမိုး အောင်နှင့် CCEducare Myanmar၏ (Managing Director)  ဒေါ်ချစ်အိမ်သူ တို့က   ဆွေးနွေးကြမည်ဖြစ်ရာ ၎င်းဆွေးနွေးချက်များကို ညနေ  ၆  နာရီခွဲတွင် ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်