Skip to main content

လွိုင်လင်မြို့နယ်တွင် ငွေကျပ် ၄ ဘီလီယံ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော် ဒီဇင်ဘာ ၂၂

လွိုင်လင်မြို့တွင် ငွေကျပ် ၄ ဘီလီယံ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီး ရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ယင်းသတင်းထုတ်ပြန်ချက်၌ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ  တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် လွိုင်လင် - တောင်ကြီးကားလမ်းအတိုင်း မူးယစ်ဆေးဝါး ပမာဏအများ အပြား သယ်ဆောင်လာမည်ဖြစ်ကြောင်းသတင်းအရ ဒီဇင်ဘာ ၂၁ ရက် နံနက် ၆ နာရီတွင် လွိုင်လင်မြို့နယ်၊ ဟိုတင့်ကျေးရွာအနီး စောင့်ဆိုင်းနေစဉ် လွိုင်လင်မြို့ဘက်မှ တောင်ကြီးမြို့ဘက်သို့ အမျိုးသားတစ်ဦး မောင်းနှင်လာသည့် ၆ ဘီး မော်တော်ယာဉ်ကို စစ်ဆေးရန်တားဆီးရာ ရပ်တန့်ခြင်း မရှိဘဲ မောင်းနှင် ထွက်ပြေးသဖြင့် လိုက်လံပိတ်ဆို့ဖမ်းဆီးစဉ် မိုင်းပွန်မြို့၊ သင်္ချိုင်းအနီး မော်တော်ယာဉ်အား ယာဉ်မောင်း ရဲလှိုင်ဝင်း နှင့်အတူပိတ်ဆို့ဖမ်းဆီးရမိခဲ့သည်။

ထို့နောက် ယာဉ်ပေါ်အား စစ်ဆေးရာ ငွေကျပ် ၄ ဘီလီယံ တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြား ၈ သန်းကို သိမ်းဆည်း ရမိခဲ့သဖြင့် ရဲလှိုင်ဝင်း အား ဥပဒေအရအမှုဖွင့်အရေးယူထားရှိပြီး သိမ်းဆည်းရမိစိတ်ကြွ ရူးသွပ်ဆေးပြားများကို လဲချားမြို့မှ တောင်ကြီးမြို့သို့ သယ်ဆောင်မည်ဖြစ် ကြောင်း သိရသည်။

(ရဲပြန်ကြား)