Skip to main content

ဒစ်ဂျစ်တယ် စီးပွားရေးအကြောင်းသိကောင်းစရာ အမေး ၊ အဖြေ အစီအစဉ် ဆက်လက် ထုတ်လွှင့်မည်

နေပြည်တော်၊ ဒီဇင်ဘာ ၂၃

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ကာလအတွင်း စီးပွားရေးလုပ်ငန်းများ ပြန်လည်လုပ်ကိုင် လည်ပတ်နိုင်ရန် ရည်ရွယ်ချက်ဖြင့်  ပြည်သူကို အသိပညာ မျှဝေပေးမည့်  “ဒစ်ဂျစ်တယ် စီးပွားရေးအကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ် ” ကို နိုဝင်ဘာ၂၅ရက်မှစ၍ အပတ်စဉ်ဗုဒ္ဓဟူးနှင့် ကြာသပတေးနေ့ များတွင် ညနေ ၆ နာရီခွဲ မှ ည ၇ နာရီအထိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ  ထုတ်လွှင့်ပြသလျှက်ရှိသည်။

ဒီဇင်ဘာ ၂၃ ရက် (ဗုဒ္ဓဟူးနေ့)ညနေတွင် Digital အသွင်ကူးပြောင်းမှု၌ Digital နည်းပညာအသုံးပြုမှု ကျယ်ပြန့်လာပုံများ၊ ပညာရေးတွင် Digital စီးပွားရေး၏ အရေးပါပုံ များနှင့် ပတ်သက်ပြီး ဗဟုသုတမျှဝေပေးမည့် ဒစ်ဂျစ်တယ် စီးပွားရေးအကြောင်း သိကောင်းစရာ အစီအစဉ်အား Parami University (President) ဒေါက်တာ ကျော်မိုးထွန်းနှင့် Strategy First University မှ(President) Waso Learn မှ (Managing Director) ဦးအောင်ချစ်ခင် တို့က  ဆွေးနွေးကြမည်ဖြစ်ရာ အဆိုပါဆွေးနွေးချက်များကို ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့် သွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)