Skip to main content

ပြည်သူလူထုအခြေပြု ကိုဗစ်ကပ်ရောဂါ ဆိုင်ရာ နှစ်သိမ့်ဆွေးနွေးခြင်းအစီအစဉ်သို့ ဆက်သွယ်ဆောင်ရွက်နိုင်

နေပြည်တော် ဒီဇင်ဘာ  ၂၂

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဆရာဝန်အသင်းတို့ ပူးပေါင်း၍ ပြည်သူလူထုအခြေပြု ကိုဗစ်ကပ်ရောဂါ ဆိုင်ရာ နှစ်သိမ့်ဆွေးနွေးခြင်းအစီအစဉ် (Online Community COVID Counselling-CCC) ကို ဆောင်ရွက်သွားမည်ဖြစ်ရာ လက်ရှိဝန်ဆောင်မှုပေးနေသည့် Hotline ဖုန်းများအနက်မှ ၀၉ - ၇၇၀ ၇၇၀ ၀၀၁ (Telenor)၊ ၀၉ - ၇၇၀ ၇၇၀ ၀၁၁ (Telenor)၊ ၀၉ - ၉၈၀ ၀၀၀ ၁၁၂ (Ooredoo)၊ ၀၉ - ၉၈၀ ၀၀၀ ၁၁၃ (Ooredoo) တယ်လီဖုန်းနံပါတ်များသို့ အခမဲ့ခေါ်ဆို၍ ဝန်ဆောင်မှု ရယူနိုင်ကြောင်းနှင့် နေ့စဉ်နံနက် ၉ နာရီမှ ည ၁၀ နာရီအထိ ဝန်ဆောင်မှု ပေးသွား မည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)

Photo: MMA Online Community Covid Counselling-CCC