နောင်ချို ဒီဇင်ဘာ ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနတွင် ယနေ့ မွန်းလွဲ(၂) နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီနှင့် နောင်ချိုမြို့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနအတွက် ကျန်းမာရေးသုံးပစ္စည်းနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြ ကြောင်း သိရသည်။
ထောက်ပံ့ငွေများ ပေးအပ်ရာတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီထံသို့ ခေါက်ဆွဲခြောက်၊ သောက်ရေသန့်၊ ကြက်ဥနှင့် ထောက်ပံ့ငွေ (၁၀)သိန်း ပေးအပ်ရာ နောင်ချိုမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေး မှူးနှင့် တာဝန်ရှိသူများက လက်ခံရယူပြီး နောင်ချိုမြို့ ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနအတွက် Mask၊ Hand Gel နှင့် ထောက်ပံ့ငွေ (၁၀) သိန်းကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်က ပေးအပ်ရာ အထက်တန်းသူနာပြု ဆရာမတစ်ဦးက လက်ခံရယူကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)