Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့ (IOM) ရုံးအကြီးအကဲ Mr.Daihei Mochizuki ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် ဇွန် ၃၀

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးသည် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာရေးအဖွဲ့ (International Organization for Migration-IOM) ရုံးအကြီးအကဲဖြစ်သူ Mr.Daihei Mochizuki ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် အလုပ်သမားဝန်ကြီးဌာန ယာယီရုံးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆွေးနွေး

တွေ့ဆုံစဉ် အလုပ်သမားဝန်ကြီးဌာနနှင့် International Organization for Migration (IOM) တို့အကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ရွှေ့ပြောင်းအလုပ်သမားရေးရာဆိုင်ရာကိစ္စရပ်များ၊ IOM ဝန်ထမ်းများအတွက် ပြည်ဝင်ဗီဇာရရှိရေးနှင့် ပြည်တွင်းခရီးသွားလာခွင့်အတွက် ဆောင်ရွက်ပေးမှုများ၊ ရွှေ့ပြောင်းလုပ်သားများထောက်ပံ့ကူညီရေးဗဟိုဌာန (Migrant Workers Resource Center-MRC) များ၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ ဝန်ကြီးဌာနမှ ဆောင်ရွက်စေလိုသည့် လုပ်ငန်းစဉ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဘာသာရပ်ဆိုင်ရာအရာထမ်းများနှင့် IOM ရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်