ရန်ကုန် ဇွန် ၈
ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်သည် ယမန်နေ့မွန်းလွဲပိုင်းက ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)သို့ သွားရောက်၍ အကြီးစားပြုပြင်မွမ်းမံထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးသည်။
ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)အား အကြီးစားပြုပြင်မွမ်းမံထိန်းသိမ်းနိုင်ရန်အတွက် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်တွင် အဆောက်အဦဦးစီးဌာနက ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်နီးပါး ဆောင်ရွက်ပြီးစီးပြီဖြစ်၍ လာမည့်အာဇာနည်နေ့တွင် ပြခန်းတိုးချဲ့ပြသမှုများ ရှေးမူလက်ရာမပျက် ကြံ့ခိုင်အောင် ဆောင်ရွက်မှုများဖြင့် ပြသနိုင်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
