Skip to main content

လွှတ်တော်များ ဒုတိယပုံမှန်အစည်းအဝေးအတွက် တည်းခိုရေးနှင့် နေရာချထားရေးကော်မတီ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် မေ ၂၀

တတိယအကြိမ် လွှတ်တော်များ၏ ဒုတိယပုံမှန်အစည်းအဝေးသို့ တက်ရောက်ကြမည့် လွှတ်တော်ကိုယ်စားလှယ်များ တည်းခိုနေထိုင်ရေးအတွက်တည်းခိုရေးနှင့်နေရာ ချထားရေးကော်မတီ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် စည်ပင်သာယာရေးကော်မတီအစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဦးကံမြင့်သန်း၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီမှ ဒုတိယမြို့တော်ဝန် ဦးဝင်းမိုးခိုင်၊ ကော်မတီဝင်များ၊ ဝန်ကြီးဌာနများ၊ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ဗဟိုကော်မတီ၏ အစည်းအဝေးဆုံးဖြတ်ချက်ပါ အချက်များနှင့်အညီ နေပြည်တော် စည်ပင်ဧည့်ရိပ်သာ (၂) တွင် လွှတ်တော်ကိုယ်စားလှယ်များအတွက် အိပ်ဆောင် ၁၁ ဆောင်၊ အခန်း ၈၁ ခန်း နေရာချထားပေးလျက်ရှိကြောင်း၊ တည်းခိုရေးနှင့် နေရာချထားရေးကော်မတီအဖွဲ့ဝင်များအနေဖြင့် လိုအပ်သည်များကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော် စည်ပင်သာယာရေးကော်မတီ အမြဲတမ်းအတွင်းဝန် ဝန်ကြီးဌာနများ၊ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တည်းခိုရေးစခန်းတို့မှ သက်ဆိုင်ရာတာဝန်ရှိသူများက မိမိတို့ကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှုအခြေအနေများကို ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက ဆွေးနွေးတင်ပြချက်ကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်