ပဲခူး မေ ၁၄
တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုင်းထွန်းညိုသည် ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး၌ တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ရုံးလုပ်ငန်းများ စနစ်တကျဆောင်ရွက်ရန်နှင့် နိုင်ငံ့အကျိုးကြိုးစားဆောင်ရွက်ရန်မှာကြားပြီး ဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။
ထို့နောက် နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းပါလမ်းညွှန်ချက်နှင့်အညီ ရက် (၁၀၀) စီမံချက်ဖြင့် ဖွင့်လှစ်လျက်ရှိသော အခြေခံစက်ချုပ်သင်တန်းတက်ရောက်နေသည့် သင်တန်းသူများနှင့်တွေ့ဆုံ၍ စာတွေ့လက်တွေ့ပို့ချမှုများကို လေ့လာမှတ်သာသင်ယူကြရန်နှင့် ကိုယ်ပိုင်လုပ်ငန်းထူထောင်နိုင်ရေး အရင်းအနှီးများရရှိရန် ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်းပြောကြား၍ ရုံးပတ်ဝန်းကျင်ကို ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
