နေပြည်တော် မေ ၁၄
စာပေနှင့် အနုပညာမူပိုင်ခွင့်ဆိုင်ရာ အမေးအဖြေများစာအုပ်နှင့် အနှစ်ချုပ်စာအုပ်တို့ကိုစိစစ်၍ လမ်းညွှန်မှုပေးနိုင်ရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးကိစ္စရပ်များဆိုင်ရာ လုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့် စာပေနှင့် အနုပညာမူပိုင်ခွင့်ဆိုင်ရာ အမေးအဖြေများ စာအုပ်ပြုစုရေးလုပ်ငန်းအဖွဲ့ဝင်တို့၏ လုပ်ငန်းကော်မတီအစည်းအဝေး (၁/၂၀၂၆) ကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး ညွှန်ကြားရေးမှူးချုပ် အစည်းအဝေးခန်းမ၌ Online & In person Hybrid System စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးသိန်းကိုကိုနှင့် ဒေါ်ပြုံးပြုံးအေး၊ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး ညွှန်ကြားရေးမှူးချုပ်တို့က အဖွင့်အမှာစကားပြောကြားကြသည်။
ထို့နောက် စာအုပ်ပြုစုရေးလုပ်ငန်းအဖွဲ့၏ အတွင်းရေးမှူး (ခရိုင်တရားသူကြီး၊ ပြည်ခရိုင် တရားရုံး) က အမေးအဖြေများစာအုပ်နှင့် အနှစ်ချုပ် စာအုပ်ထုတ်ဝေရန် အကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကာ စာအုပ်ပြုစုရေးလုပ်ငန်းအဖွဲ့ဝင်တို့က အမေးအဖြေများစာအုပ်(မူကြမ်း)နှင့် အနှစ်ချုပ်စာအုပ် (မူကြမ်း) တို့ကို ဆွေးနွေးတင်ပြကြပြီး စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးကိစ္စရပ်များဆိုင်ရာ လုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့် လုပ်ငန်းအဖွဲ့ဝင်တို့က ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
