နေပြည်တော် မေ ၅
Smart School နှင့် Football for School Program အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၊ အခြေခံပညာဦးစီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က နိုင်ငံတော်၏ ရက် (၁၀၀) စီမံချက်တွင်ပါဝင်သည့် Smart School နှင့် Football for School Program အကောင် အထည်ဖော်ဆောင်မည့် အခြေ အနေများကို စံနှုန်းများသတ်မှတ် ၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကနဦးအနေဖြင့် တိုင်းဒေသကြီး ခြောက်ခုတွင် Smart School နှင့် Football for school အဖြစ် Pilot Project စတင်ဆောင်ရွက်မည် ဖြစ်ပြီး လာမည့်နှစ်များတွင် တိုးချဲ့ဆောင်ရွက်နိုင်ရေးအစီအမံများ တိကျစွာ ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရလဒ်များပေါ်တွင် အခြေခံ၍ လုပ်ငန်းများ၏ တိုးတက်မှုကို အမြဲမပြတ်လေ့လာဆန်းစစ်ပြီး ရေရှည်တည်တံ့သော စီမံကိန်းဖြစ်လာစေရန် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ သို့ဖြစ်၍ Smart School နှင့် Football for School Program အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အကြံပြုဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ဆက်စပ်ဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်မှ တာဝန်ရှိသူက Smart School နှင့် Football for School Program အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်နိုင်မည့်အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် တက်ရောက် လာသူများက Smart School နှင့် Football for School Program ဆောင်ရွက်မည့် ကျောင်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြပြီး ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
