Skip to main content

Naypyitaw State Academy ၊ အင်္ဂလိပ်စာအထူးပြုဘာသာရပ် ပထမနှစ်မှ မဟာတန်းအထိ တက်ရောက်လျက်ရှိသည့် ကျောင်းသား ကျောင်းသူများ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (နေပြည်တော်-တပ်ကုန်း) သို့ လာရောက်လေ့လာ

နေပြည်တော် မတ် ၄ 

Naypyitaw State Academy ၊ အင်္ဂလိပ်စာအထူးပြုဘာသာရပ် ပထမနှစ်မှ မဟာတန်းအထိ တက်ရောက်လျက်ရှိသည့် ကျောင်းသား ကျောင်းသူ ၁၅၇ ဦး သည်အုပ်ချုပ်သူ ဆရာ ဆရာမ ၂၃ ဦးနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်-တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသို့ လာရောက်လေ့လာကြသည်။

ကျောင်းသား ကျောင်းသူများသည် အဖွဲ့နှစ်ဖွဲ့ခွဲ၍ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ပင်မအဆောက် အဦရှိ Audio Mastering Studio၊ News Channel Studio နှင့် Radio Recording Studio တွင် အသံသွင်းမှုကို လေ့လာကြသည်။

ဆက်လက်၍ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား စိန်ရတုပြတိုက်အတွင်း ခင်းကျင်းပြသထားသည်များကို ကြည့်ရှုလေ့လာကြခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်