Skip to main content

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်း

မကွေး ဇူလိုင် ၂၃

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက မကွေးမြို့မြို့တော်ခန်းမ၌ကျင်းပရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်း၊ ကော်မရှင်အဖွဲ့ဝင် ဦးဝင်းဇော်မိုးနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး ကော်မရှင်ဥက္ကဋ္ဌက အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။

ထို့နောက် တာဝန်ရှိသူများက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာကိစ္စရပ်များကို အသိပညာပေးရှင်းလင်းဆွေးနွေးကြရာ တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။

ယင်းနောက် ကော်မရှင်အဖွဲ့ဝင် ဦးဝင်းဇော်မိုးက အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အဖွဲ့များနှင့်တွေ့ဆုံပြီး တားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့သည့် အတွေ့အကြုံများ၊ အားသာချက်၊ အားနည်းချက်များကို ဝိုင်းဝန်းဆွေးနွေးကြသည်။

ယမန့်နေ့ ညနေပိုင်းကလည်း တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တိုင်းဒေသကြီးအားကစားကွင်း၌ ကျင်းပခဲ့သည့် မကွေးတိုင်းဒေသကြီး ၂၀၂၆ ခုနှစ် ရေနံမြေ သခင်ဖိုးလှကြီး ဒိုင်းအလွတ်တန်းဖိတ်ခေါ် ရှုံး/ထွက်ဘောလုံးပြိုင်ပွဲဖွင့်ပွဲသို့ တက်ရောက်အမှာစကားပြောကြားပြီး ပြိုင်ပွဲကို ဖွင့်လှစ်ပေးကာ ပထမနေ့ပွဲစဉ်အဖြစ် PYU FC (ပြည်မြို့)အသင်းနှင့် MMK Sport FC အသင်းတို့ ယှဉ်ပြိုင်ကစားမှုကိုကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)