မြောင်းမြ နိုဝင်ဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးလှမိုးအောင်နှင့် အဖွဲ့ဝင်များသည် မြောင်းမြမြို့၊ မြဟေမာရပ်ကွက်ရှိ မြို့ဝင်စစ်ဆေးရေးဂိတ်၌ ယနေ့နေ့လယ်ပိုင်းက ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး အလှူငွေများပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီး၊ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးလှမိုးအောင်နှင့် အဖွဲ့ဝင်များက မြို့ဝင်စစ်ဆေးရေးဂိတ်တွင်ခရီးသွားပြည်သူများအား ခရီးသွားထောက်ခံစာများစစ်ဆေးခြင်း၊ ကုန်တင်မော်တော်ယာဉ်များ၏ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား(RDT)စနစ်ဖြင့် ကိုဗစ်-၁၉ ရောဂါစစ်ဆေးနေမှုများအား ကြည့်ရှု စစ်ဆေးခဲ့ပြီး အလှူငွေကျပ် (၅၀၀,၀၀၀)အား ပေးအပ်လှူဒါန်းခဲ့ရာ မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန့်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဆွေနှင့် ကော်မတီ အဖွဲ့ဝင်များက လက်ခံခဲ့ကြောင်း သိရသည်။
ကေခိုင်စိုး(မြောင်းမြ)