နေပြည်တော် နိုဝင်ဘာ ၂၆
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ(မန္တလေး)တို့ရှိ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် တက်ရောက်ပညာ သင်ကြားလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများအား (ဒုတိယ အကြိမ်) ကျောင်းသုံးဗလာစာအုပ်နှင့် စာရေးကိရိယာ ပေးအပ်ခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ရန်အောင်မြင်ခန်းမ၌ပြုလုပ်ရာ တိုင်းမှူးဗိုလ်မှူးချုပ် တင်မင်းလတ်နှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည် မိသားစုများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက်တိုင်းမှူးနှင့် တာဝန်ရှိသူများက ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသော ကျောင်းသား ကျောင်းသူများအတွက် ကျောင်းသုံးဗလာစာအုပ်နှင့် စာရေးကိရိယာများ ပေးအပ်ချီးမြှင့်ရာ ကျောင်းသား ကျောင်းသူများက လက်ခံရယူကြသည်။ ယင်းနောက် တိုင်းမှူးက အရာရှိ၊ စစ်သည် မိသားစုများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
