Skip to main content

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ကချင်ပြည်နယ်ရှိ အားကစားအဆောက်အအုံများ သန့်ရှင်းသာယာလှပရေး ကြည့်ရှုစစ်ဆေး

နေပြည်တော် နိုဝင်ဘာ ၂၆

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ကချင်ပြည်နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ ပြည်နယ်လူမှုရေးရာဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ညနေပိုင်းတွင် ကချင်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန ပြည်နယ်အားကစားကွင်းအတွင်း နုန်းသဲဖြည့်ခြင်း၊ မြက်စိုက်ခြင်းနှင့် အားကစားကွင်း သန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက လူထုအားကစား Mass Sport လုပ်ငန်းများမှ Excellent Sports ထူးချွန်ထက်မြက်သည့် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရေး အတွက် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်း အမှတ်အားကစားပြိုင်ပွဲများအပါအဝင် လူထုပါဝင်လှုပ်ရှားသည့် အားကစားပြိုင်ပွဲများနှင့် လှုပ်ရှားမှုများကို စည်ကားသိုက်မြိုက်စွာဆောင်ရွက်ရန် မှာကြားပြီး ငြိမ်းချမ်းသာယာရေကူးကန်၏ သန့်ရှင်းရေးဆောင်ရွက်ထားရှိမှုများ၊ လှပသစ်လွင်စေရန်နှင့် အပေါ်ဆိုင်းကြိုးများ သံချေးမတက်စေရန် ဆောင်ရွက်ထားရှိမှုများ၊ ခရိုင်အားကစားကွင်းအတွင်းရှိ သစ်ပင်ချုံနွယ် ရှင်းလင်းထားမှုများကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ကချင်ပြည်နယ်အားကစားနှင့် ကာယပညာကော်မတီ၏ အစီအစဉ်ဖြင့် ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနက ဖွင့်လှစ် လျက်ရှိသည့် ဘောလုံးအကယ်ဒမီသင်တန်းအတွက် သင်တန်းသားများ စိစစ်ရွေးချယ်လေ့ကျင့်သင်ကြားနေမှုကို ကြည့်ရှုအားပေးပြီး အားကစားသမားများ၏ လေ့ကျင့်မှုနှင့် စွမ်းဆောင်ရည်ပိုမိုမြင့်မားစေရေးဆောင်ရွက်ရန် တာဝန်ရှိသူများကို မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်