မင်းဘူး စက်တင်ဘာ ၁၈
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယနေ့မွန်းလွဲပိုင်းတွင် မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသို့ ရောက်ရှိပြီး ငလျင်ဒဏ်ကြောင့် ကွဲအက်ခဲ့သည့် ကြမ်းခင်းနှင့်နံရံများ ပြုပြင်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးကာ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
ဆက်လက်၍ မင်းဘူးမြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံသို့ ရောက်ရှိပြီး ဇုန်နယ်မှူးနှင့် ဝန်ထမ်းများအားတွေ့ဆုံ၍ ထပ်ဆင့်ထုတ်လွှင့်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ဒုတိယဝန်ကြီးက ဝန်ထမ်းများနှင့်တွေ့ဆုံစဉ် စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်ဖြင့် တာဝန်ကျေပွန်ရေး၊ ရုံးနှင့် ဝန်ထမ်းများ စက်ပစ္စည်းလုံခြုံမှု သတိပြုဆောင်ရွက်ရေးနှင့် မီးဘေးအန္တရာယ် ဂရုပြုရေး၊ မကြာမီကျင်းပမည့် အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် ကျရာကဏ္ဍမှ ပူးပေါင်းပါဝင်ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့သည်။
သတင်းစဉ်