Skip to main content

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ China Southwest Architectural Design and Research Institute Corporation (CSWADI) သို့ သွားရောက်ကြည့်ရှုလေ့လာ

နေပြည်တော် စက်တင်ဘာ ၆

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ စီချွမ်ပြည်နယ်၊ ချန်ဒူးမြို့၌ အလုပ်သဘောခရီးရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ခရီးစဉ်တွင် လိုက်ပါလာသည့် ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် အဖွဲ့ဝင်များ လိုက်ပါ၍ ယနေ့ ဒေသစံတော်ချိန် နံနက် ၁၁ နာရီ တွင် China Southwest Architectural Design and Research Institute Corporation(CSWADI) သို့ သွားရောက်ကြည့်ရှုလေ့လာသည်။

ဦးစွာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် China South-west Architectural Design and Research Institute Corporation (CSWADI) သို့ ရောက်ရှိကြရာ တာဝန်ရှိသူများက ကြိုဆို နှုတ်ဆက်ကြသည်။

ယင်းနောက် China South-west Architectural Design and Research Institute Corpora-tion(CSWADI) အတွင်း ပြသထားသည့် ကော်ပိုရေးရှင်းမှ ဆောက်လုပ်ထားသော စွမ်းအင်ချွေတာနိုင်သည့် ဆောက်လုပ်ရေးစီမံကိန်းများ၊ အထပ်မြင့်အဆောက်အအုံများ၊ တံတားများ၊ ဟိုတယ်များ၊ အားကစားရုံများ၊ ဆေးရုံများနှင့် နိုင်ငံတကာ၌ အဆောက်အအုံများ ဆောက်လုပ်နေမှုအခြေအနေများ၊ ငလျင်ဒဏ်ခံနိုင်သည့် အဆောက်အအုံများ ဆောက်လုပ်နိုင်ရေးအတွက် ငလျင်ဒဏ်သင့်ခဲ့သည့် အဆောက်အအုံများအား သုတေသနပြုလုပ် ဒီဇိုင်းအသစ်များ ရေးဆွဲဆောက်လုပ်မှုအခြေအနေများ၊ ငလျင်ဒဏ်ကို ကြိုတင်ကာကွယ်ရေးအတွက် သုတေသနလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေများ၊ မြန်မာနိုင်ငံတွင် လာရောက်၍ အဆောက်အအုံများ ဆောက်လုပ်လျက်ရှိမှုအခြေအနေများနှင့်ပတ်သက်၍ တာဝန်ရှိသူများက ရှင်းလင်းပြသရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးသည်။

ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက China Southwest Architectural Design and Research Institute Corporation (CSWADI) ၏ ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးပြီး ကော်ပိုရေးရှင်းမှ တာဝန်ရှိသူနှင့် လက်ဆောင်ပစ္စည်းများ အပြန်အလှန်လဲလှယ်ကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်