Skip to main content

AFC Women’s Champion League (AWCL) 2025/2026 ၏ Preliminary Stage ပြိုင်ပွဲ အုပ်စုအဆင့်ပြိုင်ပွဲ ကြည့်ရှုအားပေး

ရန်ကုန် ဩဂုတ် ၃၁

AFC Women’s Champion League (AWCL) 2025/2026 ပြိုင်ပွဲ၏ Preliminary Stage ပြိုင်ပွဲကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ ဝေဇယန္တာလမ်းရှိ လူငယ်အားကစားလေ့ကျင့်ရေးစခန်း သုဝဏ္ဏဘောလုံးကွင်း၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြည့်ရှုအားပေးကြသည်။

အဆိုပါ ဘောလုံးပြိုင်ပွဲတွင် အုပ်စုအဆင့်ပွဲစဉ်များအဖြစ် မြန်မာနိုင်ငံမှ I.S.P.E FC အမျိုး သမီးဘောလုံးအသင်းနှင့် ဖိလစ်ပိုင်နိုင်ငံမှ STALLION LAGUNA FC အမျိုးသမီးဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားရာ ပထမပိုင်း ၄၅ မိနစ်တွင် STALLION LAGUNA FC အမျိုးသမီးဘောလုံး အသင်းကတစ်ဂိုးသွင်းယူနိုင်ခဲ့သည်။ ဒုတိယပိုင်းဆက်လက်ယှဉ်ပြိုင်ကစားရာတွင် I.S.P.E FC အမျိုးသမီးဘောလုံးအသင်းက သုံးဂိုးသွင်းယူနိုင်ကာ ပြိုင်ပွဲပြီးဆုံးချိန်တွင် I.S.P.E FC အမျိုးသမီး ဘောလုံးအသင်းက ဖိလစ်ပိုင်နိုင်ငံမှ STALLION LAGUNA FC အမျိုးသမီးဘောလုံးအသင်းကို သုံးဂိုး - တစ်ဂိုးဖြင့် အနိုင်ရရှိပြီး ခြေစစ်ပွဲအောင်မြင်ကာ Group State သို့ တက်ရောက်သွားခဲ့သည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက ခြေစစ်ပွဲအောင်မြင်ခဲ့ပြီး Group State သို့ တက်ရောက်သွားသော I.S.P.E FC အမျိုးသမီးဘောလုံးအသင်းကို ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်