Skip to main content

နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင်-၁၀၀၀ ၊ ခုတင် - ၃၀၀ နှင့် မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း ဆေးရုံကြီးများသို့ ရေခဲသေတ္တာ၊ လေအေးပေးစက်များနှင့် ထမင်းဘူး၊ စည်သွပ်ဘူးများ ပေးအပ်လှူဒါန်း

နေပြည်တော်  အောက်တိုဘာ  ၂၉

တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန မိသားစုတို့က ငွေကျပ်သိန်း (၃၀) တန်ဖိုးရှိ ရေခဲသေတ္တာ(၁)လုံးနှင့် လေအေးပေးစက် (၄)လုံးတို့ကို နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)ရှိ COVID-19 ICU အခန်းအတွက်နှင့် နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၃၀၀)၊ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းခွဲစိတ်အထူးကုဆေးရုံကြီးနှင့် သွားရောဂါအထူးကုဆေးရုံကြီးတို့၌ တာဝန်ထမ်းဆောင် လျက်ရှိသော ကျန်းမာရေးဝန်ထမ်းများနှင့် လူနာများအတွက် စိန်ဟင်္သာ ရိပ်မွန်ကုမ္ပဏီလီမိတက်မှ ထုတ်လုပ်သော ငွေကျပ် (၃၃) သိန်းခန့် တန်ဖိုးရှိ ထမင်းဘူးနှင့် စည်သွပ်ဘူးများ ပေးအပ် လှူဒါန်းခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)ရှိ အစည်းအဝေးခ န်းမဆောင်-၂ ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင် နှင့်ဇနီး မိကျင်သန်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေးနှင့်ဇနီး ဒေါက်တာနန်းခမ်းမိုင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးလှမော်ဦး၊ ဒေါက်တာ မြလေးစိန်၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဆေးရုံအုပ်ကြီးများ၊ အထူးကု ဆရာဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင် က လှူဒါန်းရသည့် အကြောင်းရင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ကျေးဇူးတင်စကားပြောကြားသည်။

ယင်းနောက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်နှင့်ဇနီး မိကျင်သန်းတို့က ဝန်ကြီးဌာနမိသားစုတို့မှ လှူဒါန်း သော နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)ရှိ COVID-19 ICU အခန်းအတွက် ငွေကျပ်သိန်း (၃၀) တန်ဖိုးရှိ ရေခဲသေတ္တာ(၁)လုံးနှင့် လေအေးပေးစက် (၄)လုံးတို့ကို ပေးအပ် လှူဒါန်းရာ နေပြည် တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)မှ ဒုတိယ ဆေးရုံအုပ်ကြီး၊ ဆေးရုံအုပ်ကြီး ပူးတွဲ တာဝန် ဒေါက်တာအောင်လင်းအေး က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်သည်။

ဆက်လက်၍ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်နှင့်ဇနီး မိကျင်သန်းက နေပြည်တော်ရှိ ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)၊ ပြည်သူ့ဆေးရုံကြီး (ခုတင်-၃၀၀)၊ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်း ခွဲစိတ်အထူးကုဆေးရုံကြီးနှင့် သွားရောဂါအထူးကုဆေးရုံကြီးတို့၌ တာဝန်ထမ်းဆောင်လျက် ရှိသော ကျန်းမာရေးဝန်ထမ်းများနှင့် လူနာများ သုံးဆောင်နိုင်ရန်အတွက် စိန်ဟင်္သာရိပ်မွန် ကုမ္ပဏီလီမိတက်မှ ထုတ်လုပ်သော ငွေကျပ်(၃၃)သိန်းခန့် တန်ဖိုးရှိ ထမင်းဘူးနှင့် စည်သွပ်ဘူး များကို ပေးအပ်လှူဒါန်းရာ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းခွဲစိတ် အထူးကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာဆန်းလွင်ဦး က လက်ခံ ရယူပြီး ဂုဏ်ပြုမှတ် တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)