နေပြည်တော် ဩဂုတ် ၆
၂၀၂၅ ခုနှစ် ဩဂုတ်လ ၆ ရက်တွင် ကျရောက်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် နီကာရာဂွါသမ္မတနိုင်ငံတို့အကြား သံတမန်ဆက်ဆံရေးထူထောင်သည့် (၅) နှစ်ပြည့် အထိမ်းအမှတ်အခါသမယတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နီကာရာဂွါသမ္မတနိုင်ငံ၊ ပူးတွဲသမ္မတများဖြစ်ကြသည့် မစ္စတာ ဒန်နီရယ်အော်တီဂါဆာဗေဒရာနှင့် မစ္စရိုဆာရီယိုမူရီလိုတို့သည် ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ အပြန်အလှန်ပေးပို့ခဲ့ကြသည်။
သတင်းစဉ်