Skip to main content

ငလျင်ဘေးကျရောက်သည့်ဒေသများရှိ အာမခံအလုပ်သမားများ သဘာဝဘေးအန္တရာယ် ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှုအကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်း လျှောက်လွှာများ သက်ဆိုင်ရာ မြို့နယ်လူမှုဖူလုံရေးရုံးများသို့ ပေးပို့လျှောက်ထားကြရန် အသိပေးကြေညာ

အာမခံလုပ်သားများ သိစေရန် အသိပေးကြေညာခြင်း

အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့သည် ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေပုဒ်မ ၁၀၃ (ခ) အရ အပ်နှင်းသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ၂၈-၃-၂၀၂၅ ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သော ငလျင်ဘေးခံစားရသည့် ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်အတွင်း ငလျင်ဘေးကျရောက်သည့်ဒေသများရှိ အာမခံအလုပ်သမားများအား သဘာဝဘေးအန္တရာယ်ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှုအကျိုးခံစားခွင့်ကို အာမခံအလုပ်သမားပေးသွင်းသည့် လုပ်ခလစာဝင်ငွေ၏ ၄၀ ရာခိုင်နှုန်းနှင့်ညီမျှသော ငွေပမာဏအား သတ်မှတ်ချက်များနှင့်အညီ ခွင့်ပြုထုတ်ပေးမည်ဖြစ်ကြောင်း ၆-၅-၂၀၂၅ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၀၄/ ၂၀၂၅) ကို ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါသည်။

သို့ဖြစ်၍ ငလျင်ဘေးကျရောက်သည့်ဒေသများရှိ အာမခံအလုပ်သမားများသည် သဘာဝဘေးအန္တရာယ်ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှုအကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်းလျှောက်လွှာများအား ၆-၉-၂၀၂၅ ရက်နေ့ နောက်ဆုံးထားပြီး သက်ဆိုင်ရာ မြို့နယ်လူမှုဖူလုံရေးရုံးများသို့ ပေးပို့လျှောက်ထားကြရန် အသိပေးကြေညာအပ်ပါသည်။

အလုပ်သမားဝန်ကြီးဌာန