Skip to main content

ရွာသစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးအတွက် မြို့အ၀င်ဂိတ်တွင် အထူးကြပ်မတ် ဆောင်ရွက်

ရွာသစ်   အောက်တိုဘာ   ၂၆

ကယားပြည်နယ်၊ ဘောလခဲခရိုင်- ရွာသစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး အတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ဌာနဆိုင်ရာများက မြို့အ၀င် လူ၀င်/ လူထွက် စောင့်ကြပ် ကြည့်ရှုစစ်ဆေး မေးမြန်းခြင်းတို့ကို မြို့အ၀င် စုပေါင်း စစ်ဆေးရေးဂိတ်တွင် နေ့/ည ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးအတွက် မြို့အတွင်းသို့ အခြားသော နေရာဒေသများမှ လာရောက် ကြသူများ၊ ခရီးသွားများနှင့် မော်တော်ယဉ်များ အားလုံးကို စစ်ဆေး မေးမြန်းခြင်း၊ အ၀င်/ အထွက် စစ်ဆေးခြင်းတို့ကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကျန်းမာရေးနှင့် အခြားဌာနတို့မှ ပူးပေါင်းကာ စောင့်ကြပ်ကြည့်ရှု ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နန်းဆွေဆွေအေး (ပြန်/ဆက်)