Skip to main content

ခရီးသွားလုပ်ငန်းကို နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေရှာဖွေပေးသည့် အရေးကြီးသော စီးပွားရေးကဏ္ဍတစ်ခုဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်

နေပြည်တော် ဩဂုတ် ၁

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန နီလာခန်းမ၌ ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဌာနတာဝန်ခံများ၊ အရာထမ်းများနှင့် တွေ့ဆုံသည်။

ဦးစွာ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးက ဝန်ကြီးဌာနဖွဲ့စည်းထားရှိမှု၊ လုပ်ငန်းများဆောင်ရွက်နေမှု၊ ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များအား ရှင်းလင်းတင်ပြပြီး တာဝန်ရှိသူများက ဌာနအလိုက်လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ခရီးသွားလုပ်ငန်းကို နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေရှာဖွေပေးသည့် အရေးကြီးသော စီးပွားရေးကဏ္ဍတစ်ခုဖြစ်စေရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲပြီး အများပါဝင်မှုရှိသော တာဝန်သိခရီးသွားလုပ်ငန်းဖြစ်ပေါ်လာစေရေး မျှော်မှန်းပြီး ပူးပေါင်းကြိုးပမ်း ဆောင်ရွက်ပေးကြရန်မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ငလျင်ဒဏ်ခံစားခဲ့ရသည့် ဝန်ထမ်းများနှင့်မိသားစုဝင်များ ယာယီနေထိုင်နိုင်ရန် ဝန်ကြီးဌာနရုံးအနီးတွင် ဆောက်လုပ်ထားရှိသည့် နှစ်ခန်းတွဲဘာရှာ အဆောက်အအုံများ၌ နေထိုင်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကာ ဝန်ထမ်းများနှင့် မိသားစုဝင်များ လိုင်းစည်းကမ်းနှင့် စည်းစနစ်တကျနေထိုင်ကြရေး၊ ဌာနတာဝန်ရှိသူများအနေဖြင့် ဝန်ထမ်းမိသားစုများ၏ အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရေး မှာကြားသည်။

သတင်းစဉ်