Skip to main content

အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့၏ (၃/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးကျင်းပ

နေပြည်တော် ဇူလိုင် ၂၂

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့(CPU)၏ (၃/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးကို ယနေ့တွင် နေပြည်တော်ရှိ ရုံးအမှတ်(၁၅) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့(CPU) အဖွဲ့ခေါင်းဆောင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှု ခြောက်နှစ်ကျော်ကာလအတွင်း အသိပညာပေးဆွေးနွေးခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ ဌာနအလိုက်ဆန္ဒဖော်ထုတ်ပွဲများနှင့် တွေ့ဆုံပွဲများကျင်းပပေးပြီး ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်နိုင်မှုကြောင့် မိမိတို့ဝန်ထမ်းများအနေဖြင့် အဂတိနှင့်ပတ်သက်ပြီး အတော်အသင့် သိရှိနားလည်နေပြီဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာကြသည့် ဦးစီးဌာနများနှင့် တက္ကသိုလ်များမှ (CPU)အဖွဲ့ဝင်များက ဌာနအလိုက် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆောင်ရွက်ချက်များနှင့် ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းများကို တင်ပြကြရာ (CPU) အဖွဲ့ခေါင်းဆောင်က လိုအပ်ချက်များ ဖြည့်စွက်ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်