Skip to main content

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ၌ အရာထမ်းလောင်း (အထူး) သင်တန်းဖွင့်လှစ်

နေပြည်တော် ဇူလိုင် ၂၁

အရာထမ်းလောင်း (အထူး) သင်တန်း အမှတ်စဉ် (၁၅) ဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ရတနာခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးဆန်းမြင့်၊ ပါမောက္ခချုပ်၊ သင်ကြား/ စီမံဌာနများမှ ဆရာ ဆရာမများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

ဖွင့်ပွဲတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးဆန်းမြင့်က ဝန်ထမ်းသက်တမ်းတစ်လျှောက် အရည်အချင်းနှင့် လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားပြီး အဂတိတရားကင်းရှင်းကာ စိတ်ဓာတ်နှင့် ခံယူချက်ကောင်းမွန်သော ဝန်ထမ်းများဖြစ်အောင် ပြုမူနေထိုင်ကြရန်နှင့် ပါတီနိုင်ငံရေးကင်းရှင်းစွာဖြင့် နိုင်ငံတော်၏ စီမံအုပ်ချုပ်ရေးယန္တရားအောင်မြင်စွာ လည်ပတ်နိုင်ရေးအတွက် စွမ်းစွမ်းတမံကြိုးပမ်းလုပ်ဆောင်သွားကြရန် မှာကြားသည်။

အဆိုပါသင်တန်းသို့ သင်တန်းသား ၁၀၁ ဦး၊ သင်တန်းသူ ၁၁၂ ဦး စုစုပေါင်း ၂၁၃ ဦး တက်ရောက်ကြပြီး သင်တန်းကို ဇူလိုင် ၂၁ ရက်မှ နိုဝင်ဘာ ၁၂ ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်