Skip to main content

သီလဝါသိုလှောင်ကန်များတွင် စက်သုံးဆီများ ပြည့်လုနီးပါးရှိနေသည့်အပြင် မှာယူထားသည့် ဆီတင်သင်္ဘောများလည်း အဆက်မပြတ် ဝင်ရောက်လျက်ရှိ

နေပြည်တော် ဇူလိုင် ၁၇

ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းနှင့် အာရှ-ပစိဖိတ်ဒေသတွင်း စက်သုံးဆီဈေးနှုန်းများ အနည်းငယ်မြင့်တက်လာမှုကြောင့် လာမည့်အပတ်တွင် ပြည်တွင်းစက်သုံးဆီဈေးနှုန်းများလည်း မြင့်တက်နိုင်မည်ဟု သုံးသပ်ခန့်မှန်းရသည်။ သို့သော်လည်း ပြည်တွင်းနိုင်ငံခြားငွေလဲလှယ်နှုန်းကျဆင်းမှုကြောင့် နှစ်ဆန်းပိုင်းကဖြစ်ပေါ်ခဲ့သည့် ဈေးနှုန်းများအောက် တစ်လီတာလျှင် ကျပ် ၂၅၀ ကျော်ခန့်အထိ လျော့နည်းနေဦးမည်ဟုခန့်မှန်းရသည်။

ယခင်နှစ်က အရောင်းဆိုင်များတွင် ယာဉ်တန်းစီစောင့်ဆိုင်း ဝယ်ယူမှုများဖြစ်ပေါ်ခဲ့သော်လည်း ယခုနှစ်တွင် အလားတူ ယာဉ်တန်းစီဝယ်ယူမှုမျိုးမတွေ့ရကြောင်းနှင့် သီလဝါသိုလှောင်ကန်များတွင် စက်သုံးဆီများပြည့်လုနီးပါးရှိနေသည့်အပြင် မှာယူထားသည့် ဆီတင်သင်္ဘောများလည်း အဆက်မပြတ် ဝင်ရောက်လျက်ရှိနေသည်ဟု လုပ်ငန်းရှင်အသိုင်းအဝိုင်းများထံမှ သိရသည်။

သတင်းစဉ်