မန္တလေး ဇူလိုင် ၁၄
တရားမဝင်စက်သုံးဆီနှင့် ကုန်စည်များ ဖြတ်သန်းသယ်ဆောင်မှုမရှိစေရေးနှင့်စပ်လျဉ်း၍ စိစစ်ရေးလုပ်ငန်းအဖွဲ့အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ကျင်းပရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင် တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက တရားမဝင်စက်သုံးဆီနှင့် ကုန်စည်များဖြတ်သန်းသယ်ဆောင်မှုမရှိစေရေးနှင့်စပ်လျဉ်း၍ ဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း၊ စိစစ်ရေးလုပ်ငန်းအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက ဆောင်ရွက်မည့်အစီအမံများကိုလည်းကောင်း ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ ကြောင်း သိရသည်။
သတင်းစဉ်