ပုသိမ် အောက်တိုဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့သည် တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာ ကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းစဉ်များအား အလေးထားဆောင်ရွက်လျက်ရှိပြီး တိုင်းဒေသကြီး Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့်အ ရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၄၄/၂၀၂၀)ကို ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်က အဖွင့်အမှာစကား ပြောကြားရာတွင် တိုင်းဒေသကြီးအတွင်း(COVID-19) ရောဂါဖြစ်ပွားမှုအား ထိန်းချုပ်နိုင်ရန်အတွက် တိုင်းဒေသကြီး(COVID-19) ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ချမှတ်ထားသည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အားသာချက်/ အားနည်းချက်များအား သုံးသပ်ပြောကြား သည်။
ထို့နောက်တိုင်းဒေကြီး(COVID-19) ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးကြီး ကျော်စွာလှိုင်နှင့် ကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသည့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး ဦးသန်းဆွေဝင်းနှင့် တိုင်းဒေ သကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ သန်းထွန်းအောင်တို့က (COVID-19) ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကာကွယ်/ ထိန်းချုပ်/ ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းစဉ်များအား ဆောင်ရွက် ထားရှိမှု အခြေအနေများနှင့်ပတ်သက်၍ အသေးစိပ်တင်ပြ ဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြား၍ အစည်းအဝေးအား ရုပ်သိမ်းခဲ့ ကြောင်းသိရသည်။ အစည်းအဝေးသို့ တိုင်းဒေသကြီး COVID -19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ကော်မတီဝင်များ၊ အစိုးရအဖွဲ့အတွင်းရေး ဦးသန်းဆွေဝင်းတို့ တက်ရောက်ခဲ့ကြသည်။
မောင်မောင်မြင့်(ပြန်/ဆက်)