Skip to main content

မိုင်းဆတ်နှင့် မိုင်းခုတ် မြို့နယ်တို့တွင် ငွေကျပ်သိန်း ၇၈၀၀ တန်ဖိုးရှိ အိုက်စ်များ ဖမ်းဆီးရမိ

နေပြည်တော် အောက်တိုဘာ ၁၈

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် အောက်တိုဘာ ၁၇ ရက် ညနေပိုင်းက မိုင်းဆတ်မြို့နယ် မိုင်းခုတ်မြို့ မိုင်းဆတ်-ကျိုင်းတုံ ကားလမ်း မိုင်တိုင် အမှတ် ၉၆ ကီလိုမီတာအနီးတွင် မသင်္ကာဖွယ် မော်တော်ယာဉ်ကို စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် ၎င်း မော်တော်ယာဉ်သည် လမ်းယာဘက်ရှိ တံတားအုတ်ခုံကို ဝင်ရောက်တိုက်မိ ရပ်တန့်သွားပြီး ယာဉ်ပေါ်မှ လူနှစ်ဦး မှာ လမ်း၏ ဝဲဘက်လျှိုအတွင်းသို့ ထွက်ပြေးသွားသောကြောင့် ယာဉ်ကို ဆက်လက်ရှာဖွေရာ ယာဉ်အတွင်းမှ ဆာလာအိတ်များဖြင့်ထည့်ထားသည့် ငွေကျပ်သိန်း ၇၈၀၀ တန်ဖိုးရှိ အိုက်စ် ၃၉ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာဥပဒေ အရ အရေးယူထားကြောင်း သိရသည်။

ရဲပြန်ကြား