Skip to main content

ပြန်ကြားရေးဝန်ကြီးဌာန၏ ကိုဗစ်‌ထောက်ပံ့‌ငွေ အားကစားမီဒီယာများ အဖွဲ့ချုပ်သို့ ခွဲ‌ဝေလှူဒါန်း

ရန်ကုန် အောက်တိုဘာ ၈

မြန်မာနိုင်ငံ စာနယ်ဇင်းသမဂ္ဂက ပြန်ကြားရေးဝန်ကြီးဌာနမှ ကိုဗစ်-၁၉‌ ရောဂါ ကာလအတွက် ထောက်ပံ့ခဲ့သော ငွေကျပ်သိန်း ၅၀ ထဲမှ ငွေကျပ် ၁၀ သိန်းကို မြန်မာနိုင်ငံ အားကစားမီဒီယာများ အဖွဲ့ချုပ်သို့ ခွဲဝေလှူဒါန်းသည်။

အဆိုပါအလှူငွေကျပ် ၁၀ သိန်းကို မြန်မာနိုင်ငံစာနယ်ဇင်းသမဂ္ဂ ဒုတိယ ဥက္ကဋ္ဌ ဦးဝဏ္ဏ (ဆရာမာဂျေ) က အောက်တိုဘာ ၆ ရက်တွင် ပေးအပ်ခဲ့ရာ မြန်မာနိုင်ငံ အားကစားမီဒီယာများ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးဖေဒီ က လက်ခံယူခဲ့ကြောင်း သိရသည်။

အာကာစိုး