Skip to main content

မကွေးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ကုသရေးဆိုင်ရာ လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် အလှူငွေ ထည့်ဝင် လှူဒါန်း

မကွေး အောက်တိုဘာ ၇

မကွေးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ကုသရေးဆိုင်ရာ လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အတွက် ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုထံ မကွေးတိုင်းဒေသကြီး ပတ်ဝန်းကျင် ထိန်းသိမ်း ရေးဦးစီးဌာနက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ မှာ လှူဒါန်း ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လှူဒါန်းမှုတွင် တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ် ကုသရေးဆိုင်ရာ လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးရုံး၊ ပခုက္ကူခရိုင်ရုံး၊ မကွေးခရိုင်ရုံးနှင့် သရက်ခရိုင်ရုံးတို့ရှိ ဝန်ထမ်းများမှ စုပေါင်းထည့်ဝင်ကာ လှူဒါန်းငွေ (၁၅၅,၀၀ဝိ/-)အား ပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်းနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

သန်းနိုင်ဦး(ငဖဲ)