Skip to main content

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက ကိုဗစ်-၁၉ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ငွေကျပ်နှစ်ရာ ကိုးဆယ့်နှစ်သိန်း ထပ်မံလှူဒါန်း

နေပြည်တော်   အောက်တိုဘာ  ၆


ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင်   အသုံးပြုရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်   ဆည်မြောင်းဝန်ကြီးဌာန  ဝန်ထမ်းမိသားစုများက စုပေါင်းလှူဒါန်းသည့်  ဒုတိယအကြိမ်  အလှူငွေ ပေးအပ်ပွဲကို   ယနေ့ညနေပိုင်းက     နေပြည်တော်   ပြည်သူ့ဆေးရုံကြီး (ခုတင်- ၁၀၀၀) ၌ ကျင်းပသည်။
အခမ်းအနားတွင်       ဒုတိယဝန်ကြီး ဦးလှကျော်က    လှူဒါန်းရခြင်းနှင့် စပ်လျဉ်း ၍ ရှင်းလင်း ပြောကြားသည်။
ထို့နောက်  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်     ဆည်မြောင်းဝန်ကြီးဌာန     ပြည်ထောင်စုဝန်ကြီးနှင့်     ဒုတိယဝန်ကြီး တို့အမှူးပြုသော     ဝန်ကြီးဌာန အောက်ရှိ ဦးစီးဌာနများ၊ တက္ကသိုလ်များမှ  နိုင်ငံဝန်ထမ်းများ စုပေါင်း ထည့်ဝင် လှူဒါန်းသည့်     အလှူငွေကျပ် ၂၉၂၀၀၀၀ဝ ကို   ဝန်ကြီးဌာန ဝန်ထမ်း မိသားစုများကိုယ်စား      ဒုတိယဝန်ကြီးက    ပေးအပ်လှူဒါန်းရာ နေပြည်တော်   ပြည်သူ့ ဆေးရုံကြီး (ခုတင်-၁၀၀၀) မှ တာဝန်ရှိသူများ က   လက်ခံရယူ၍  ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကား ပြောကြားသည်။
ယနေ့  လှူဒါန်းမှုသည် နေပြည်တော်    ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)၌   လိုအပ် လျက်ရှိသော     အောက်ဆီဂျင် ပိုက်လိုင်း သွယ်တန်းခြင်း လုပ်ငန်း    အပါအဝင်  ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင်     အသုံးပြုရန်အတွက် ရည်ရွယ် လှူဒါန်းခြင်းဖြစ်ကာ စိုက်ပျိုး ရေး၊  မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန   ဝန်ထမ်း မိသားစုများက  ပထမအကြိမ်  လှူဒါန်း ငွေကျပ် ၈၇၅၀၀၀၀ဝ ကို  စက်တင်ဘာ ၂၉ ရက် တွင်  ကိုဗစ်-၁၉  ကာကွယ်၊ ကုသ၊  ထိန်းချုပ်ရေး   အမျိုးသားအဆင့်   ဗဟိုကော်မတီသို့ လှူဒါန်းခဲ့ရာ    ယနေ့   လှူဒါန်း မှုအပါအဝင်စုစုပေါင်း ငွေ ကျပ် ၁၁၆၇၀၀၀၀ဝ ကို     ကိုဗစ်-၁၉ ကာကွယ်၊     ထိန်းချုပ် ၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက်  လှူဒါန်းခဲ့ပြီးဖြစ်သည်။                  

သတင်းစဉ်