နေပြည်တော် ဇန်နဝါရီ ၂၁
၁၉၇၃ ခုနှစ် ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၅ဝ ကျော် စာချစ်သူများ လက်ခံအားပေးလာခဲ့သော သုတပဒေသာစာစောင်ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှစ၍ သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ဟု အမည်ပြောင်းလဲကာ မျက်နှာဖုံးဒီဇိုင်း၊ အကြောင်းအရာနှင့်စာအုပ်အပြင်အဆင်တို့ အပြောင်းအလဲများပြုလုပ်ပြီး ဆယ်ကျော်သက်လူငယ်များကို ဦးတည်ပရိသတ်အဖြစ်ထားကာ လစဉ်ထုတ်ဝေလျက်ရှိပါသည်။ နိုင်ငံတကာထုတ် စာအုပ်စာစောင်များမှ ကောင်းနိုးရာရာ ခေတ်မီအကြောင်းရပ်များနှင့် ယခုလအတွက် ဖော်ပြသည့် “စာပေကဏ္ဍဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး” မျက်နှာဖုံး ဆောင်းပါးကြီးများပါဝင်သော သုတပဒေသာနှင့်လူငယ်ရေးရာစာစောင် (ဇန်နဝါရီလ)ကို ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ကဖြန့်ချိလိုက်ပြီဖြစ်သည်။
၂၀၂၅ ခုနှစ် ဇန်နဝါရီလထုတ် သုတပဒေသာနှင့်လူငယ်ရေးရာစာစောင်တွင် ဒေါက်တာခင်မောင်ညို၊ K.M.A တို့၏ “စာပေကဏ္ဍဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး” မျက်နှာဖုံးဆောင်းပါးများ နေညိုယဉ်၊ ကောင်းသန့်၊ မောင်ဒီပ (ပညာရေး)၊ မြသိန်း၊ ညီညီဖေ၊ ကိုဇော်ဌေး (ယဉ်ကျေးမှု)၊ ညီမော်သိမ်း၊ မိလူသွေး၊ ကိုမောင်မြင့် (Love of Wisdom)၊ ဇလွန်ကျော်ဦးတို့၏ လူငယ်ရေးရာဆောင်းပါးများ၊ ပါမောက္ခကိုကိုအောင်၊ အေးထွန်းမင်းတို့၏ နိုင်ငံတကာဆိုင်ရာ ဆောင်းပါးများ၊ စောနိုင် (အသုံးချဘောဂဗေဒ) ၏ စီးပွားရေးဆိုင်ရာဆောင်းပါး၊ သောင်းထိုက်ဦး (သင်္ဃန်းကျွန်းကြီး)၏ သဘာဝပတ်ဝန်းကျင် ရှုထောင့်ဆိုင်ရာဆောင်းပါး၊ ဇွန်ရွှေထိုက်၏ မူးယစ်ဆေးဝါးဆိုင်ရာ ဆောင်းပါး၊ ဒေါက်တာမြင့်သန်း၊ ခြယ်မှုန်းသီ၊ ဒေါက်တာမြင့်သန်းထွန်း (ပြည်သူ့ကျန်းမာရေး) တို့၏ ကျန်းမာရေးဆိုင်ရာဆောင်းပါးများ၊ ဦးဘသန်း (မဟာဝိဇ္ဇာ)၊ ရဲထက်ဇော်၊ စိန်ဝင်းနွယ်၊ စိုးစိုး (ပန်းတောင်း)၊ ကြည်လွင်ဦး(ရေနံ)၊ မြသာဝင်း၊ ဆောင်းဝင်းလတ်၊ စိန်ဝင်းမော်၊ မော်(သန်လျင်)တို့၏ ကဗျာ၊ ဟာသ၊ ဝတ္ထုတို၊ ဖြစ်ရပ်မှန်နှင့် အထွေထွေကဏ္ဍများကို ရောင်စုံ၊ ဖြူ/မည်း သရုပ်ဖော်ပုံဝေဝေဆာဆာဖြင့် စီစဉ်တင်ဆက်ထားသည်။
သုတပဒေသာနှင့်လူငယ်ရေးရာစာစောင်ကို တစ်အုပ်လျှင် ကျပ် ၂၅ဝဝ နှုန်းဖြင့် စာပေဗိမာန်စာအုပ်အရောင်းဆိုင်၊ အမှတ် (တ-၅၅)၊ သပြေကုန်းဈေး၊ နေပြည်တော်စာအုပ်ဆိုင်၊ ဖုန်း ၀၉- ၄၄၉၅၄၀၆၆၇၊ ဖုန်း ၀၆၇-၃၄၁၄၆၈၁၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင်၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ စာပေဗိမာန်စာအုပ် အရောင်းဆိုင်၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား မန္တလေး၊ ဖုန်း ဝ၂-၄၀၃ဝ၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများတွင် ဝယ်ယူရရှိနိုင်ပြီး လက်ကားမှာယူလိုပါက စာပေဗိမာန်စာအုပ်အရောင်းဆိုင် အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁- ၈၃၈၁၄၄၈ သို့ ဆက်သွယ်မှာယူနိုင်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်