Skip to main content

အာဆီယံပေါင်းစည်းရေး ဦးဆောင်ဦးရွက်ပြုမှုအစီအစဉ် Initiative for ASEAN Integration-IAI သင်တန်းများအပေါ် ပြန်လည်သုံးသပ်

နေပြည်တော် ဇန်နဝါရီ ၂၁

၂၀၂၄ ခုနှစ်အတွင်း မြန်မာ-စင်ကာပူသင်တန်းကျောင်း၌ ဖွင့်လှစ်ခဲ့သည့် Initiative for ASE-AN Integration-IAI သင်တန်းများအပေါ် ပြန်လည်သုံးသပ်သည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက နိုင်ငံခြားရေးဝန်ကြီးဌာန ချင်းတွင်းခန်းမ၌ကျင်းပသည်။

အစည်းအဝေးတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးကိုကိုကျော်က အာဆီယံတွင် မြန်မာနိုင်ငံ၏အခန်းကဏ္ဍကိုမြှင့်တင်ရန်၊ ပြည်တွင်းကဏ္ဍအသီးသီးမှ အချိတ်အဆက်မိမိညှိနှိုင်းဆောင်ရွက်ရန်၊ အာဆီယံ၏ယန္တရားများမှတစ်ဆင့် မိမိတို့နိုင်ငံ၏ လူမှုအကျိုးစီးပွား၊ နိုင်ငံ၏မူဝါဒများနှင့် ဦးစားပေးအစီအစဉ်များကို အကောင်အထည်ဖော်နိုင်ရန် ဝန်ကြီးဌာနများအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းစေရေး နည်းလမ်းများရှာဖွေကြရန်၊ အာဆီယံပေါင်းစည်းရေး ဦးဆောင်ဦးရွက်ပြုမှုအစီအစဉ် Initiative for ASEAN Integration-IAI သည် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းစေရန်အတွက် CLMV နိုင်ငံများကိုဦးတည်၍ ဖွံ့ဖြိုးရေးကို ဦးစားပေးဆောင်ရွက်ပေးနေသည့် လုပ်ငန်းစဉ်ဖြစ်ပြီး စင်ကာပူနိုင်ငံသည် အာဆီယံ၏ဖွံ့ဖြိုးမှုဆိုင်ရာ အကူအညီများ၊ စွမ်းရည်မြှင့်တင်ရေးအတွက် အဓိကဦးစားပေးပံ့ပိုးလျက်ရှိကြောင်း၊ ဝန်ကြီးဌာနများအနေဖြင့် ၂၀၂၄ ခုနှစ်အတွင်း တက်ရောက်ခဲ့သော သင်တန်းများ၏ အားနည်းချက်၊ အားသာချက်များကို ပြန်လည်သုံးသပ်ပြီး ၂၀၂၅ ခုနှစ်တွင် ဝန်ကြီးဌာနများ၏ လိုအပ်ချက်များနှင့်ကိုက်ညီသော ထိရောက်အကျိုးရှိသည့် သင်တန်းများ အဆိုပြုရန်တိုက်တွန်းပြောကြားသည်။ အစည်းအဝေးသို့ အာဆီယံမဏ္ဍိုင် (၃) ရပ်အောက်ရှိ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်း ၂၉ ခုမှ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အရာထမ်းများတက်ရောက်ကြသည်။

သတင်းစဉ်