Skip to main content

ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၉/၂ဝ၂၄) သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအား သွားရောက်တွေ့ဆုံအားပေး

နေပြည်တော် ဇန်နဝါရီ ၂၀

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၉/၂၀၂၄) သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအား ယနေ့နေလယ်ပိုင်းတွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဇေယျာသီရိခန်းမ၌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေးနှင့် တာဝန်ရှိသူများက သွားရောက်တွေ့ဆုံအမှာစကား ပြောကြားသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၉/၂၀၂၄) သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် အသုံးဆောင်ပစ္စည်းများ ဂုဏ်ပြုပေးအပ်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက သင်တန်းသားများအား လိုက်လံနှုတ်ဆက်အားပေးစကားပြောကြားကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။