Skip to main content

ဒုတိယဝန်ကြီး ဦးမြင့်စိုး လွိုင်ကော်မြို့ရှိ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇန်နဝါရီ ၁၆

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ကယားပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်မျိုးသန်း၊ တာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီ ၁၄ ရက်က လွိုင်ကော်မြို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနလေးခုမှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လိုအပ်သည်များကို မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးပြီး ဝန်ထမ်းများအတွက် ချီးမြှင့်ငွေများ ပေးအပ်သည်။

ထို့နောက် ကယားပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် နှစ်ခန်းတွဲ၊ သုံးထပ်အာရ်စီဝန်ထမ်းအိမ်ရာ တည်ဆောက်နေမှုနှင့် ဆောင်ရွက်ပြီးစီးခဲ့သည့် နဒီရုံးပတ်လမ်း ကတ္တရာထပ်ပိုးလွှာခင်းနေမှုကို လည်းကောင်း၊ ညနေပိုင်းတွင် ကယားပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် ခင်းကျင်းပြသထားသော အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန၏ MSME အသေးစားစက်မှုလက်မှု ထုတ်ကုန်များပြခန်းကို လည်းကောင်း လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

သတင်းစဉ်