Skip to main content

အုပ်ချုပ်မှုစွမ်းရည်မြင့်မားရေးသင်တန်း အမှတ်စဉ် (၆) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ရန်ကုန် ဇန်နဝါရီ ၁၃

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) အုပ်ချုပ်မှု စွမ်းရည်မြင့်မားရေး သင်တန်းအမှတ်စဉ် (၆) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ် ရတနာသိင်္ဃခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးစိုးတင့်၊ ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ပါမောက္ခချုပ်၊ ဖိတ်ကြားထား သူများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

တိုက်တွန်းမှာကြား

အခမ်းအနားတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဝင် ဦးစိုးတင့်က နိုင်ငံတော်၏ အုပ်ချုပ်ရေးမဏ္ဍိုင် အတွက် အရေးပါလှသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၏ လုပ်ငန်း စွမ်းဆောင်ရည်မြင့်မားစေရန်နှင့် ကောင်းမွန်သောအုပ်ချုပ်ရေးစနစ် ဖော်ဆောင်ရေးအတွက် ပူးပေါင်း ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားသည်။

အုပ်ချုပ်မှု စွမ်းရည်မြင့်မားရေး သင်တန်းအမှတ်စဉ် (၆) သို့ သင်တန်းသား ၆၆ ဦး၊ သင်တန်းသူ ၂၄ ဦး စုစုပေါင်း ၉၀ တက်ရောက်ကြပြီး သင်တန်းကာလမှာ ဇန်နဝါရီ ၁၃ ရက်မှ မတ် ၂၆ ရက်အထိ ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်