Skip to main content

(၅၃) ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ ကျင်းပမည်

နေပြည်တော် ဇန်နဝါရီ ၁၃

“(၅၃) ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ” ကို “ကျန်းမာသောဘဝပိုင်ဆိုင်ဖို့ ကျန်းမာရေးပြဿနာများဖော်ထုတ်ဖြေရှင်းကြပါစို့ - Moving Forward to a Healthy Lifestyle and Addressing Health Risk Behaviors” ဟူသော ဆောင်ပုဒ်နှင့် ဇန်နဝါရီ ၂၀ ရက်မှ ၂၄ ရက်အထိ ရန်ကုန်မြို့ ဒဂုံမြို့နယ် အမှတ်- ၅၊ ဇီဝကလမ်းရှိ ဆေးသုတေသနဦးစီးဌာန (ရုံးချုပ်) ၌ ကျင်းပမည်ဖြစ်သည်။

ညီလာခံတွင် အခြေခံသုတေသနစာတမ်း (၂၇) စောင်၊ အသုံးချ သုတေသနစာတမ်း (၁၉) စောင်၊ ကျန်းမာရေးစနစ်သုတေသနစာတမ်း (၈) စောင်နှင့် သုတေသနပိုစတာ (၄၃) စောင်တို့ကို တင်သွင်း ဖတ်ကြားပြသသွားရန် စီစဉ်ထားရှိကြောင်း သိရှိရသည်။

ညီလာခံသို့ ပြည်တွင်း၊ ပြည်ပမှ သုတေသီများတက်ရောက်ကြမည်ဖြစ်ပြီး ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲလေးခုနှင့် ဟောပြောပွဲတစ်ခုတို့ကိုလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်