နေပြည်တော် ဇန်နဝါရီ ၁၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ် ရွှေစက်တော်အနီးရှိ အိုးပြင်မဲရွာကို ဇန်နဝါရီလ ၁၁ ရက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၃၆ လုံး ပျက်စီးခဲ့ကြောင်း ပြည်ဖျက်မီဒီယာများက သတင်းအမှားများ မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာနယ်မြေလုံခြုံရေးတာဝန်ရှိသူများ၏ ပြောကြားချက်များအရ အဆိုပါကျေးရွာများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့သည် ဆိုသည့်သတင်းမှာ မှန်ကန်မှုမရှိကြောင်း၊ အကြမ်းဖက်သမားများအနေဖြင့် ၎င်းတို့အလိုကျ လိုက်ပါဆောင်ရွက်ခြင်းမရှိသည့် ဒေသခံပြည်သူများနေထိုင်သည့် ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ၊ နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်းများကို လုပ်ဆောင်လျက်ရှိကြောင်း၊ ယခုဖြစ်စဉ်တွင်လည်း အကြမ်းဖက်သမားများက အဆိုပါကျေးရွာအား မီးရှို့ဖျက်ဆီးသည်ကို အကြမ်းဖက်အားပေးပြည်ဖျက်မီဒီယာများမှ လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အပြစ်ပုံချလုပ်ကြံဖန်တီးရေးသားခြင်းဖြစ်ကြောင်း သတင်းရရှိသည်။