Skip to main content

ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့် ဘယ်လာရုစ်သမ္မတနိုင်ငံ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် ဇန်နဝါရီ ၉

စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် ယနေ့မွန်းလွဲပိုင်းတွင် ဘယ်လာရုစ် သမ္မတနိုင်ငံစက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Denis BAKEI ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန ရုံးအမှတ် (၃၀) ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံတို့ပူးပေါင်း၍ ကင်ဆာ၊ ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ဆေးဝါးများ၊ မျက်စဉ်းဆေးများ ပူးပေါင်း ထုတ်လုပ်နိုင်ရေး ကိစ္စရပ်များ၊ လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ၊ ကြွေထည်ပစ္စည်းထုတ်လုပ်ခြင်း၊ ရော်ဘာနှင့်ဆက်စပ်ပစ္စည်းများထုတ်လုပ်ခြင်း နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာကိစ္စရပ်များ၊ စက်မှုဝန်ကြီးဌာနရှိ ဝန်ထမ်းများဘယ်လာရုစ် သမ္မတနိုင်ငံသို့ သင်တန်းများစေလွှတ်ရေးနှင့် လေ့ကျင့်သင်ကြားပေးရေးကိစ္စရပ်များနှင့် အဝတ်အထည်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။

တွေ့ဆုံပွဲတွင် စက်မှုဝန်ကြီးဌာန မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်