Skip to main content

မုံရွာမြို့နယ်မှ အရာတော်မြို့နယ်သို့လာသော လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျောက်ကာမြောက်ကျေးရွာမှ ပြည်သူ ၃၀ ကျော်အား ဖမ်းဆီး၍ မိုင်းရှင်းခိုင်းသဖြင့် ပြည်သူငါးဦး မိုင်းထိဒဏ်ရာရရှိခဲ့ကြောင်း တရားမဝင် ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်သတင်းအမှားများ ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော် ဇန်နဝါရီ ၉

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်မှ အရာတော်မြို့နယ်သို့ စစ်ကြောင်းထိုးနေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျောက်ကာမြောက် ကျေးရွာမှ ပြည်သူ ၃၀ ကျော်အား ဖမ်းဆီး၍ မိုင်းရှင်းခိုင်းသဖြင့် ပြည်သူငါးဦး မိုင်းထိဒဏ်ရာများရရှိခဲ့ကြောင်း တရားမဝင်ပြည်ဖျက် မီဒီယာများက မဟုတ်မမှန်သတင်းအမှားများ ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ၎င်းဖြစ်စဉ်မှာမှန်ကန်မှုမရှိကြောင်း၊ အကြမ်းဖက်သမားများကသာ အစိုးရ၏အုပ်ချုပ်မှုယန္တရားများပျက်ပြားစေရန်အတွက် ဌာနဆိုင်ရာအဆောက်အဦများကို Drop Bomb ချတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်နေ သည့်အပြင် အများပြည်သူအသုံးပြုလျက်ရှိသည့် လမ်းတံတားများအား မိုင်းထောင်ဖောက်ခွဲခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်နေသော အကြမ်းဖက်သမားများအား လိုက်လံတိုက်ခိုက်လျက်ရှိပြီး ပြည်သူများလုံခြုံစိတ်ချစွာ သွားလာနိုင်ရန်အတွက် မိုင်းရှင်းလင်းရေး လုပ်ငန်းများကိုလည်း လုပ်ဆောင်ပေးလျက်ရှိကြောင်း၊ ယခုဖြစ်စဉ်တွင်လည်း အကြမ်းဖက်သမားများ၏လုပ်ရပ်များကို ဖုံးကွယ်ရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူ လူထုမှ အထင်အမြင်လွဲမှားစေရန်ရည်ရွယ်၍ တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်လုပ်ကြံရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်