Skip to main content

တာချီလိတ်မြို့၌ ပဉ္စမအကြိမ်မြောက် လားဟူတိုင်းရင်းသားရိုးရာ စုပေါင်းနှစ်သစ်ကူး ပွဲတော်နေ့ကျင်းပပြုလုပ်

နေပြည်တော် ဇန်နဝါရီ ၇

ပဉ္စမအကြိမ်မြောက် လားဟူတိုင်းရင်းသားရိုးရာ စုပေါင်းနှစ်သစ်ကူးပွဲတော်နေ့ကို ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လားဟူတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ လားဟူတိုင်းရင်းသားများ၊ မြို့မိမြို့ဖများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့်တက်ရောက်လာကြသူများက ပဉ္စမအကြိမ်မြောက် လားဟူတိုင်းရင်းသားရိုးရာ စုပေါင်းနှစ်သစ်ကူးပွဲတော်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ထို့နောက် တိုင်းမှူးနှင့်တာဝန်ရှိသူများက နှစ်သစ်ကူးပွဲတော် ဂုဏ်ပြုအမှာစကားနှင့် ကြိုဆိုနှုတ်ခွန်းဆက်စကားများ အသီးသီးပြောကြားကြသည်။

၎င်းနောက် လားဟူတိုင်းရင်းသားရိုးရာ လက်ဆေးမင်္ဂလာဆောင်ရွက်ကြပြီး လားဟူတိုင်းရင်းသားများကိုယ်စား မိုင်းဆတ်လားဟူစာပေနှင့် ယဉ်ကျေးမှုဥက္ကဋ္ဌက ကျေးဇူးတင်စကားပြောကြားကာ အမှတ်တရဓာတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်း သတင်းရရှိသည်။