Skip to main content

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ တရားမဝင်သစ်များ သိမ်းဆည်းရမိ

နေပြည်တော် ဇန်နဝါရီ ၆

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် အပါအဝင်နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၃ ရက် မှ ၂၉ ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင်ကျွန်း ၅ ဒသမ ၆၄၆၂ တန်၊ သစ်မာ ၁၉ ဒသမ ၇၅၅၄ တန်၊ အခြားသစ် ၁၃၅ ဒသမ ၈၀၉၄ တန် စုစုပေါင်း ၁၆၁ ဒသမ ၂၁၁၀ တန်၊ ယာဉ်/ ယန္တရားခြောက်စီး၊ တရားခံ ၁၇ ဦး ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံသစ်တောဦးစီးဌာနမှ သိရသည်။

သတင်းစဉ်