Skip to main content

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) အရာထမ်းငယ်သင်တန်း အမှတ်စဉ်(၁၃၂)နှင့် စာရေးဝန်ထမ်းသင်တန်းအမှတ်စဉ်(၂၁၃) သင်တန်းဖွင့်

ရန်ကုန် ဇန်နဝါရီ ၆

အရာထမ်းငယ်သင်တန်း အမှတ်စဉ်(၁၃၂) သင်တန်းဖွင့်ပွဲအခမ်းအနားကို နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) ရတနာသိင်္ဃခန်းမ၌ ယနေ့နံနက် ၈ နာရီတွင် ကျင်းပရာ ပါမောက္ခချုပ် ဦးကျော်ထွေးက သင်တန်းဖွင့်မိန့်ခွန်းပြောကြားသည်။

တက်ရောက်

သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)မှ ဒုတိယပါမောက္ခချုပ်(စီမံခန့်ခွဲရေး)၊ ဌာနကြီးမှူးများ၊ ပါမောက္ခများ၊ သင်ကြားပို့ချမည့် ဆရာ ဆရာမများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြပြီး သင်တန်းသို့ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများမှ သင်တန်းသား ၁၈၀၊ သင်တန်းသူ ၂၀၈ ဦး စုစုပေါင်း ၃၈၈ ဦးတို့ တက်ရောက်ကြောင်းနှင့် သင်တန်းကာလမှာ ဇန်နဝါရီ ၆ ရက်မှ မတ် ၁၉ ရက်အထိ ဖွင့်လှစ်မည်ဖြစ်သည်။

ထို့ပြင် စာရေးဝန်ထမ်းသင်တန်း အမှတ်စဉ်(၂၁၃) သင်တန်းဖွင့်ပွဲအခမ်းအနားကို ရတနာသိင်္ဃခန်းမ၌ နံနက် ၉ နာရီတွင် ကျင်းပရာ ပါမောက္ခချုပ် ဦးကျော်ထွေးက သင်တန်းဖွင့်မိန့်ခွန်းပြောကြားသည်။

ဖွင့်လှစ်မည်

သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ဒုတိယပါမောက္ခချုပ်(စီမံခန့်ခွဲရေး)၊ ဌာနကြီးမှူးများ၊ ပညာဌာနများမှ ပါမောက္ခများ၊ သင်ကြားပို့ချမည့် ဆရာ ဆရာမများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြပြီး သင်တန်းသို့ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများမှ သင်တန်းသား ၁၃၆ ဦး၊ သင်တန်း သူ ၂၃၂ ဦး စုစုပေါင်း ၃၆၈ ဦးတို့ တက်ရောက်ကြောင်းနှင့် သင်တန်းကာလမှာ ဇန်နဝါရီ ၆ ရက်မှ မတ် ၁၉ ရက်အထိ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်